သတ်မှတ်မော်ဒယ်အောက် တင်သွင်းလာသည့်ကားများကို နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမှာဖြစ်ပီး သတ်မှတ်မော်ဒယ်အထက် တင်သွင်းလာသည့်ကားများကို 1/48 ဒဏ်ကြေးဖြင့်အရေးယူမည်

0

Full article

ဖော်ပြပါ ပုံမှာ ဆိပ်ကမ်းတွင် 1 year down တင်သွင်းလာသည့်ကားများကို တွေ့ရစဉ် ပုံဖြစ်သည်၂ဝ၁၇ ခုနှစ် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ သတ်မှတ်ချက်အရ သတ်မှတ်ထားသည့်မော်ဒယ်နိမ့်တင်သွင်းလာသည့်ကားများကို ဒဏ်ကြေးဖြင့်ထုတ်ယူခွင့်မပေးတော့ဘဲ နိုင်ငံဘဏ္ဍာအဖြစ်သိမ်းဆည်းသွားတော့မည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနကသိရပါတယ်။ ယခင်က သတ်မှတ်မော်ဒယ်တစ်နှစ်နိမ့်တင်သွင်းလာသည့်ကားများကို 1/4 AV ဒဏ်ကြေးဖြင့်ထုတ်ယူခွင့်မပြုတော့ဘဲ သိမ်းဆည်းပစ်ဒဏ်ချမှတ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

အရင်က ၁၅/၂ဝ၁၄ အကောက်ခွန်လုပ်ထုံးအရ 1 year down တင်သွင်းလာတဲ့ကားတွေကို ဒဏ်ကြေးနဲ့ထုတ်ပေးနေတယ်။နောက်ပိုင်းမှာ သိမ်းဆည်းပြစ်ဒဏ်ချမှတ်သွားမှာဖြစ်ပါတယ်။ဟု အကောက်ခွန်ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ယခုနှစ်မော်ဒယ်သတ်မှတ်ချက်အရ သတ်မှတ်မော်ဒယ်အထက်တင်သွင်းလာခဲ့သည့်ကားများကို 1/48 ဒဏ်ကြေးသတ်မှတ်သွားမှာဖြစ်ရာ ၁၅/၂ဝ၁၄ အကောက်ခွန်ဥပဒေကိုလည်းပြင်ဆင်ရေးဆွဲအတည်ပြု ပြီးဖြစ်တယ်လို့သိရပါတယ်။
ခေတ်သစ်

Author