Consigniment စနစ်ဖြင့်တင်သွင်းထားသောကားများကို သက်တမ်း ၆ လပြည့်ပြီးစလစ်မကပ်ပါက ဖျက်သိမ်း၍ အခွန်ပြန်လည်ထုတ်ယူခွင့်ပေးမည်မဟုတ်

0

Full article


ကားအရောင်းစင်တာများမှ Consignment စနစ်ဖြင့်တင်သွင်းထားသောကားများကို သက်တမ်း ၆ လပြည့်ပြီးစလစ်မကပ်ပါက ဖျက်သိမ်း၍ အခွန်ပြန်လည်ထုတ်ယူခွင့်ပေးမည်မဟုတ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။Consginment ကားတွေသက်တမ်း ၆ လပေးထားတာက နောက်ဆုံးအကြိမ်ခွင့်ပြုပေးတာပါ။သက်တမ်းပြည့်ပြီးလို့ စလစ်မကပ်နိုင်တဲ့ကားတွေကို ဖျက်သိမ်းသွားမှာ ဖြစ်သလို ပေးသွင်းထားတဲ့ အခွန်လည်းပြန်မထုတ်ပေးပါဘူး။သက်တမ်း ၆ လအတွင်းမှာ စလစ်ကပ်နိုင်ရင်အကောင်းဆုံးပါ။ကြိုတင်လည်းကြေငြာချက်ထုတ်ပြန်ပေးသွားမှာပါဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အဆိုပါ Consignment ကားများကို ဖျက်သိမ်းရန် ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားရေးမှူးဦးစီးဌာန ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊အကောက်ခွန်ဦးစီးဌာနတို့မှ တာဝန်ယူလုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။ကားအရောင်းစင်တာများက Consignment စနစ်ဖြင့်တင်သွင်းထားရှိသော ကားအစီးရေ ၉ဝဝ နီးပါးကျန်ရှိနေသေးရာ ဖျက်သိမ်းရန် ကြိုတင်အကြောင်းကြားသွားပေးမှာဖြစ်ကြောင်းသိရပါတယ်။

ခေတ်သစ်

Photo Credit

Author