ကားများနဲ့ မီးပွိုင့်များ အချင်းချင်း ဆက်သွယ်နိုင်ကြပြီ

0

Full article

ကားနဲ့ မီးပွိုင်းများဟာ ယာဉ်မောင်းသူကိုတောင် အသိမပေးပဲ နည်းပညာအသုံးပြုကာ စကားပြောနေကြပါပြီ။

Volkswagen, Honda, Ford နဲ BMW တို့ဟာ ယာဉ်ကြောပိတ်ဆို့မှုတွေ လျော့ပါးအောင်၊ ကာဗွန် ဒိုင်အောက်ဆိုဒ် ထွက်နှုန်းလျော့နည်းအောင်နဲ့ ပိုမိုလုံခြုံမှုရှိစေရန်အတွက် ကားများနဲ့ မီးပွိုင့်များ အကြား အပြန်အလှန်ဆက်သွယ်မှုများ ပြုလုပ်နိုင်တဲ့ နည်းပညာအသစ်တစ်ခုကို စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိနေပါတယ်။

Volkswagen နဲ့ Siemens တို့ပူးပေါင်းပြီး ပြီးခဲ့တဲ့ အောက်တိုဘာလတွင် ဂျာမဏီနိုင်ငံ Wolfsburg မြို့မှာ အဆိုပါ smart light စနစ်ကို စတင်စမ်းသပ်အ သုံးပြုခဲ့ပါတယ်။

သူတို့ဟာ နီ၊ ဝါ၊ စိမ်း မီးအလင်း သတင်းအချက်အလက်များကို ထုတ်လုပ်ပေးတဲ့ မီးပွိုင့် ၁ဝ ခုရှိတဲ့ လမ်းမကြီးတစ်ခုကို ရွေးချယ်ကာ စမ်းသပ်ခြဲ့ခင်းဖြစ်ပါတယ်။

စနစ်ရဲ့ အဓိက အိုင်ဒီယာကတော့ မီးစိမ်းပြတော့မယ်ဆိုရင် ယာဉ်မောင်းသူကို အသိပေးပြောကြား  ခြင်းပဲဖြစ်ပါတယ်။ (အနာဂတ်တွင်တော့ မောင်းသူမဲ့ကားစနစ်နဲ့ တိုက်ရိုက်ချိတ်ဆက်အလုပ်လုပ် သွားမှာပါ။) ဒီစနစ်ရဲ့ ရည်မှန်းချက်ကတော့ ကားအမှတ်တံဆိပ်အမျိုးအစားအမယ်စုံနဲ့ ကိုက်ညီဖို့ ပဲဖြစ်ပါတယ်။

Sensors above the traffic light can detect cyclists and pedestrians (illustration provided by VW).

Siemen ရဲ့ သုတေသနအဖွဲ့မှ Franz Schober က "BMW က ၅၊ ၄၊ ၃၊ ၂၊ ၁ စကန့်အတွင်း အစိမ်းသို့ ရောက်တော့မယ်ဆိုတဲ့ ရည်တွက်တဲ့ စနစ်ပါပေမယ့် Mercedes  ကတော့ တနာရီကို ၃၂ နဲ့ ၅၂ ကီလိုမီတာကြား မောင်းနှင်ပါက မီးပွိုင့်မီးစိမ်းတော့မှာဖြစ်ပါတယ်လို့ ပြောတဲ့ စနစ် တပ်ဆင်ထားတာပါ" ဟု ဆိုသည်။

နောက်နှစ်ဆိုရင် Volkswagen က သူ့ကားတွေမှာ ဒီနည်းပညာစနစ်ကို စတင်တပ်ဆင်သွားမှာဖြစ်ပါ တယ်။

ကွန်ရက်က တည်နေရာအချက်အလက်များကို ထုတ်လုပ်ရန် wifi နည်းပညာနဲ့ အာရုံခံစနစ်ကို အသုံးပြုခြင်းဟာ smartphones  တွေမှာ အသုံးပြုနေတဲ့ တည်နေရာပြစနစ် GPS ထက် ပိုမိုတိကျပါ တယ်။

ယင်းစနစ်ဟာ မလိုအပ်ဘဲ ကားစက်နှိုးရခြင်း၊ ကားရပ်ရခြင်းမျိုးရှောင်ရှားနိုင်အောင်နဲ့ ကားတွေ က ထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏကို လျော့ချနိုင်အောင် အထောက်အကူပြုပါတယ်။

ကားတွေဟာ လှုပ်ရှားချိန်ထက် အင်ဂျင်နှိုးထားပြီး ရပ်နားချိန်မှာ ကာဗွန်အငွေ့ကို ပိုမိုထွက်ရှိပါ တယ်။

ယင်းနည်းပညာဟာ ယာဉ်မောင်းများအား ယာဉ်လမ်းကြောင်း အခြေအနေများနဲ့ ပတ်သက်ပြီး သတင်း အချက်အလက်များကို ပို့ပေးခြင်းဖြင့် လုံခြုံမှု မြင့်မားအောင်လည်း အထောက်အကူပြုပါတယ်။

Volkswagen နဲ့ Siemens တို့ဟာ Wolfsbug မြို့ရှိ လမ်းဆုံနှစ်ခုမှာ လမ်းသွားလမ်းလာများနဲ့ စက်ဘီး စီးသူများကို ရှောင်လွှဲသွားလာနိုင်ရန် အာရုံခံကရိယာတွေကို အသုံးပြုလျက်ရှိနေပါတယ်။

"အာရုံခံကရိယာများက သတင်းအချက်အလက်များကို ထုတ်ပေးကာ ယာဉ်လမ်းကြောင်းစီမံခန့် ခွဲသူများက လမ်းရဲ့ လက်ဝဲဘက်မှာ စက်ဘီးစီးသူရှိနေကြောင်း အားလုံးဆီသို့ အသိပေးချက်ကို  ပေးပို့နိုင်ပါတယ်" ဟု  Schober က ဆိုပါတယ်။

အခြားသော ကားအမှတ်တံဆိပ်များကလည်း ဒီနည်းပညာကို စမ်းသပ်နေကြပါတယ်။

အောက်တိုဘာလ အစောပိုင်းကလာမှာ Honda က ဂျပန်နိုင်ငံ Ohio ပြည်နယ်ရှိ မြို့ငယ်တစ်ခုမှာ smart intersection  နည်းပညာကို စမ်းသပ်မှုများ ပြုလုပ်ခဲ့ပါတယ်။

Honda က လမ်းဆုံရှိ ထောင့်တစ်ခုစီမှာ ကင်မရာလေးခု တပ်ဆင်ထားခဲ့ရာ ယင်းကတဆင့် ကားတွေနဲ့ လမ်းသွားလမ်းလာများ လှုပ်ရှားနေမှုများကို ၃၆ဝ ဒီဂရီပတ်ပတ်လည် မြင်နိုင်စေပါတယ်။ ယင်းအချက် အလက်များမှာ အဆိုပါ  smart intersection နည်းပညာနဲ့ ချိတ်ဆက်ထားတဲ့ ကားတွေဆီရောက်သွားပြီး ကားရဲ့ အချက်အလက်ပြ မှန်သားပြင်မှာ ပေါ်လာပါတယ်။

လိုအပ်ရင် ယင်းစနစ်က အမြင်ရုပ်ပုံနဲ့ အသံတို့ဖြင့် ယာဉ်မောင်းသူအား သတိပေးပါတယ်။

Ford ကတော့ ဒီနည်းပညာထက်ကို ကျော်လွန်ကာ ဆောင်ရွက်လျက်ရှိနေပါတယ်။ Ford က အများပြည်သူ ကို ပြီးခဲ့တဲ့လက တရားဝင်အသိပေးဖော်ပြလိုက်တဲ့ နည်းပညာဟာ လမ်းဆုံလမ်းခွတွေ ကို ဖြတ်သန်းတဲ့အခါမှာ ကားအချင်းချင်းဆက်သွယ်နိုင်အောင် ခွင့်ပြုပေးထားပါတယ်။ ယာဉ်တိုက်မှုများ ကို ရှောင်ရှားနိုင်ရန် ကားရဲ့ အရှိန်ကို ပြောင်းဖို့ ယာဉ်မောင်းသူအား အကြုံပြုပါတယ်။

ယင်းနည်းပညာဟာ လူစည်ကားတဲ့ လမ်းဆုံလမ်းခွတွေမှာ လမ်းသွားလမ်းလာများ အချင်းချင်း ဘယ်လိုရှောင်ရှားကြတယ်ဆိုတဲ့ သဘောတရားကိုကြည့်ကာ အကောင်အထည်ဖော်ထားတာပါ။ ဒါ့အပြင် အနာဂတ်မှာ မီးပွိုင့်များလုံးဝမလိုအောင် ယင်းနည်းပညာက လုပ်ဆောင်သွားမယ်လို့ မျှော်မှန်း ထားပါတယ်ဟု Ford က ဆိုပါတယ်။

Source : CNN Business

Author