Full article

ရန်ကုန်မြို့တွင်း မော်တော်ယာဉ်များ ရပ်နားရ အဆင်ပြေစေရန် အတွက် မြို့တွင်း Downtown ခြောက်မြို့နယ်၍ အခမဲ့ကားပါကင်များပြုလုပ်ရန် လမ်းသားတိုးချဲ့ခင်းကျင်ခြင်းများ ဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော် စည်ပင် အင်ဂျင်နီယာ (လမ်းတံတား) ဌာနမှ စုံစမ်း သိရသည်။ ရန်ကုန်မြို့၏ အဓိကလမ်းမကြီးများဖြစ်သည့် ဗိုလ်ချုပ်လမ်း အနော်ရထာလမ်းမဟာဗန္ဒုလလမ်း၊ ကုန်သည်လမ်း နှင့် ကမ်းနားလမ်း တို့တွင် အခမဲ့ကားပါကင်များအတွက် လမ်းသားတိုးချဲ့ ခင်းကျင်းဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။

မြို့တွင်းတွင် အခမဲ့ကားပါကင်ရပ်နားမှုကို ၂ဝ၁၄ ခုနှစ် မတ်လပိုင်းက စတင်ကျင့်သုံးခဲ့ပြီး လက်ရှိတွင် တစ်မြို့လုံး အခမဲ့ကားပါကင် ရပ်နားနိုင်ရန်အတွက် လမ်းသားတိုးချဲ့ခင်းကျင်းမှုများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

Autocar Myanmar မှ ကူးယူဖော်ပြသည်။

Image by Pixabay

Author