Full article

ယာဉ်ထိန်းရဲတပ်ဖွဲ့၏ မှုသေးစစ် ဌာနတွင် အသုံးပြုသည့် တံဆိပ်တုံးများ အတုသုံးစွဲခဲ့သူ မော်တော်ယာဉ်ပိုင်ရှင်ကို ဖမ်းဆီးရမိခဲ့သည်ဟု သိရပြီး တံဆိပ်တုံးအတု ပြုလုပ် သူကို ဆက်လက် ရှာဖွေ ဖော်ထုတ်လျက်ရှိကြောင်း 'အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး(ရန်ကုန်)' မှ သတင်းရရှိသည်။ Police-Fukk1-333x500

ဖမ်းဆီးရရှိခဲ့သည့် ဖြစ်စဉ်၌ အို/ဟောင်းအပ်ယာဉ်အား ဝယ်ယူခဲ့သည့်ပိုင်ရှင်မှာ မူလပိုင်ရှင်ထံမှ ကားနှင့် ဝှီးတက်ကိုမယူဘဲ အုံနာ စာအုပ်ကိုသာရယူခဲ့ပြီး အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မှုသေးစစ်ဌာန တွင် ထောက်ခံချက်ရယူရန် လိုအပ် သည့် ပြစ်မှုကင်းရှင်းကြောင်းနှင့် ဝှီးတက်အတုပြုလုပ်ကာ ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံ၍ ကား စလစ် ရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ "အခုလတ်တလောအနေနဲ့ အတုပြုလုပ်အပ်နှံတဲ့ပိုင်ရှင်ကို ဖမ်းဆီးရမိပါပြီ၊ စာရွက်စာတမ်း အတုပြုလုပ်တဲ့သူကိုတော့ ဆက် လက် စစ်ဆေးဖော်ထုတ်ဆဲ ဖြစ်ပါတယ်"ဟု အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူးရုံးမှ ဒုရဲမှူးကြီး လင်းထွဋ်က ဆိုသည်။ လက်ရှိတွင် စာရွက်စာတမ်း အတုများဖြင့် လိမ်လည် အပ်နှံခဲ့သည့် ယာဉ်ပိုင်ရှင်အား သင်္ဃန်းကျွန်းရဲစခန်းတွင် (ပ)၇၇/၂ဝဝ၄ ပြစ်မှုပုဒ်မ ၄၂ဝ/ ၄၆၈ လိမ်လည်ရန် အတုပြုလုပ်မှုဖြင့် ဒုတိယရဲမှူး အောင်ကြီးမှ တရားလိုပြုလုပ် တရားစွဲဆိုထားပြီး အဆိုပါကိစ္စအား အကောင်အထည်ဖော် ဆောင်ရွက်ပေးသည့် စာရွက်စာတမ်း အတုပြုလုပ်သူအား ရှာဖွေ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် မော်တော်ယာဉ်များ သက်တမ်းတိုးရာ၌ လည်းကောင်း၊ ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံရာ၌ လည်းကောင်း ပြစ်မှု မှတ် တမ်းများ ရှိ၊ မရှိနှင့် ပြစ်မှုရှိပါက ဒဏ်ကြေး ပေးဆောင်ပြီးစီးကြောင်း အထောက်အထားဖြစ်သည့် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်ကို ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မှုသေး စစ်ဌာနတွင် ရယူပြီးမှသာ ဆောင်ရွက်နိုင်မည် ဖြစ်ကာ ယင်းထောက်ခံချက်ကို လာရောက်ရယူခြင်းမရှိဘဲ အတုပြုလုပ်သုံးစွဲမှု များအား ရှာဖွေဖော်ထုတ်၍ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Ref: Automobile

Author