Carlsberg မြန်မာ မှ “ဘီယာကို တာဝန်သိစွာသောက်သုံးခြင်း” အစီအစဉ်အား ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်နေ့က လှည်းတန်းစင်တာတွင် ကျင်းပပြုလုပ်ခဲ့

0

Full article


ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်နေ့ ၊ နံနက် ၁၀နာရီ မှ ညနေ ၆နာရီထိ လှည်းတန်းစင်တာတွင်ကျင်းပခဲ့သော “ဘီယာကို တာဝန်သိစွာသောက်သုံးခြင်း” အစီအစဉ်အား Carlsberg မြန်မာက ထုတ်လုပ်သည့်ကမ္ဘာကျော်ဘီယာအမှတ်တံဆိပ်တစ်ခုဖြစ်သော Tuborg က တင်ဆက်ခဲ့ပါတယ်။ မြန်မာနိုင်ငံရှိ ဘီယာထုတ်လုပ်သည့် ထိပ်တန်းကုမ္ပဏီတစ် ခုဖြစ်သော Carlsberg မြန်မာက ဘီယာကို တာဝန်သိစွာဖြင့် သောက်သုံးခြင်းအလေ့အထကိုမြှင့်တင်နိုင်ရန်အတွက်ကြိုးစားသွားမည်ဖြစ်ကြောင်းလည်း အသိပေးပြောကြားခဲ့ပါတယ်။


ပြီးနောက် Carlsberg မြန်မာ၏ အုပ်ချုပ်မှုဒါရိုက်တာ Mr. Christoph Vavrik က


“မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ယာဉ်မတော်တဆမှုကြောင့် အသက်ဆုံးရှုံးတဲ့နေရာမှာ ဒုတိယအမြင့်ဆုံးဖြစ်ပြီး မူးယစ်သောက်စားယာဉ်မောင်းတာဟာ အဓိက ပြဿနာတစ်ခုဖြစ်တာမို့ ဒီနှစ်မှာ မူးယစ်သောက်စားပြီး ယာဉ်မမောင်းဖို့ကို အဓိကထားပညာပေးလုပ်ဆောင်ပါတယ်။ မူးယစ်သောက်စားပြီး ယာဉ်မောင်းတာကို တားဆီးဖို့နဲ့ လှုပ်ရှားမှုတွေ၊ ကနဦးဆောင်ရွက်ချက်အမျိုးမျိုးကနေ တာဝန်သိစွာနဲ့ သောက်သုံးခြင်းအလေ့အထကို မြှင့်တင်ဖို့ ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ တာဝန်သိတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ လူ့အဖွဲ့အစည်းကို ပြန်လည်ပေးဆပ်ဖို့အတွက် တာဝန်ရှိတယ်လို့ ကျွန်တော်တို့ ခံယူပါတယ်”

ဟု ပြောကြားခဲ့သည်။

အဆိုပါပြပွဲများတွင် ကုမ္ပဏီအနေဖြင့် မူးယစ်သောက်စားပြီးယာဉ်မောင်းနှင်ခြင်းကြောင့် သက်ရောက်မှုများကို ပဟေဠိ နှင့် Virtual Reality ဂိမ်းများအစရှိသည့် စိတ်လှုပ်ရှားဖွယ်ရာအစီအစဉ်များ ထည့်သွင်းကျင်းပခဲ့သည်။

Author