သြဂုတ်လ ၂၆ ရက်နေ့က အောင်မြင်စွာကျင်းပပြီးစီးသွားတဲ့ CarsDB ရဲ့ CarFriday ပွဲ

0

Full article

ပီးခဲ့တဲ့သောကြာနေ့ သြဂုတ်လ ၂၆ ရက်နေ့က Dagon Bar (Summit Parkview Hotel) တွင် CarsDB ရဲ့ လစဉ်ကျင်းပနေကျဖြစ်တဲ့ CarFriday ပွဲကို အောင်မြင်စွာကျင်းပခဲ့ပါတယ်။

ယခုလအတွက် ဆွေးနွေးတင်ပြပေးသွားတဲ့အကြောင်းအရာလေးကတော့ ရန်ကုန်မြို့ ယာဉ်ကြောကြပ်တည်းမှုနှင့် မြို့ပြသယ်ယူပို့ဆောင်ရေး ဖြစ်ပြီး-လက်ရှိရန်ကုန်မြို့ ယာဉ်ကြောကျပ်တည်းမှုဖြစ်စေတဲ့ အဓိက အကျဆုံးက လိုင်းကားလား၊ လမ်းဘေးဈေးသည်လား၊ကားပါကင်မလုံလောက်မှုလား ဆိုတာသုံးသပ်ပေးစေချင်ပါတယ်။

– ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း မလိုက်နာသူတွေကို ဘယ်လို Educate လုပ်သင့်ပါသလဲ။

-မြန်မာနိုင်ငံယာဉ်၊လမ်းအန္တရာယ် ကင်းရှင်းရေးအဖွဲ့ (MORS)ရဲ့ လက်ရှိလှုပ်ရှားမှုလေးတွေကို ပြောပြပေးပါဦး

-အခုဆိုရင် အများပိုင် Bus လိုင်းတွေက Air-conတွေ၊ BRT ကလည်းတိုးချဲ့လာနေပြီဖြစ်လို့ Private Taxi company အနေနဲ့ ဘယ်လို system တွေသုံးပြီး ခရီးသွားတွေကို service ပေးဖို့စီစဉ်ထားပါသလဲ

-BRT စနစ်ကလက်ရှိအချိန်မှာ ဘယ်လောက်အထိ အောင်မြင်မှုရနေပါပြီလဲ။နောက်ပြီးတော့ ဘယ်လိုservice တွေပေးပါသလဲ။ခရီးသည်တွေဘက်ကရောကျေနပ်မှုရှိပါရဲ့လား။BRT စနစ်ဒီထက်ပိုကောင်းအောင်လုပ်ဖို့ အစီအစဉ်တွေရောရှိပါသလား

-BRT Bus Stop တွေ ထပ်မံတိုးချဲ့ဖို့ ပြီးတော့ ယာဉ်အစီးရေ ထပ်တိုးဖို့ အစီအစဉ်ရှိပါသလား။

-ရန်ကုန်မှာ city taxi မှတ်ပုံတင်ထားတာ ၆သောင်းကျော်၊မတင်ထားတာ၂ သောင်းကျော်လောက်ရှိတယ်လို့ သိရပါတယ်။ဒီတော့ စည်းကမ်းမဲ့taxi တွေကြောင့်လည်း traffic အဖြစ်များနေတယ်။ဒါကိုဘယ်လိုဖြေရှင်းသင့်ပါသလဲ

-BRT ကို Any Pay Cards နဲ့ပဲ စီးခိုင်းဦးမှာလား။ ဒါမှမဟုတ် Cash နဲ့ ပေးစီးရင် မသမာသူအချို့ရဲ့ လုပ်ရပ်ကြောင့် ဝင်ငွေတွေ ဆုံးရှုံးမှု အပေါ်မှာရော ဘယ်လို ပြုလုပ်ဖို့ စီစဉ်ထားပါသလဲ။

-(MORS)အနေနဲ့ အနာဂတ်မှာလည်း မည်သို့သောပုံစံများနဲ့ မြန်မာနိုင်ငံအတွင်းယာဉ်၊လမ်းအန္တရာယ် ကင်းရှင်းဖို့ ဘယ်လိုနည်းလမ်းတွေချမှတ်ထားသလဲ

စသည့်အကြောင်းအရာများကို

ဦးသန်းဝင်း (ဒှုဧည့်ပါမောက္ခ YTU)

ကိုမာတင်နန္ဒ (Hello Cabs)

ဥိးအောင်ကိုဇင် ( မြန်မာနိုင်ငံ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေအဖွဲ့) တို့မှ ပွဲလာပရိတ်သတ်များနှင့်တကွ ရင်းနှီးစွာ တိုင်ပင်နှီးနှော ဖလှယ်ခဲ့ပါတယ်။

ထို့အပြင် CarsDB မှ CarsDB ကိုအသုံးပြုသူများအတွက် ပိုမိုအဆင်ပြေစေရန် ရည်ရွယ်ပြီး အသစ်ပြောင်းလဲလိုက်တဲ့ CarsDB website ရဲ့ ပုံစံသစ်ကို မိတ်ဆက်ပေးလိုက်ပြီး AYA Myanmar Insurance မှလည်း အာမခံကိစ္စနဲ့ ပက်သက်ပြီး ပြည့်စုံစွာရှင်းလင်းတင်ပြခဲ့တဲ့အပြင် ပွဲအတွင်းတွင်ပဲရရှိနိုင်တဲ့ ကားအာမခံ အတွက် ပရိုမိုးရှင်းကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။

ဇူလိုင်လရဲ့ CarFriday ပွဲကို CarsDB မှကြီးမှုးကျင်းပပြီး AMI မှလည်း main sponsor Drive Magazine မှလည်း Media partner အဖြစ်လည်းကောင်း ပါဝင် အားဖြည့်ပေးခဲ့ပါတယ်။

Author