CarFirday တွေ့ဆုံပွဲကို ၂၇.၅.၂ဝ၁၆ (သောကြာနေ့) က CarsDB မှ ဦးစီးပြီး ကျင်းပပြုလုပ်ခဲ့

0

Full article

ပြီးခဲ့တဲ့ ၂၇.၅.၂ဝ၁၆ (သောကြာနေ့) တွင် CarsDB မှ CarFriday ပွဲကို Vintage Luxuray Yatch Hotel တွင် စည်းကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။

ထိုပွဲကို ကျင်းပရခြင်းမှာ ကားလောကသားများ ကားချစ်သူများအတွက် ကားလောကဆိုင်ရာ သတင်းများ၊ ကြုံတွေ့နေရသော အခက်အခဲများ၊ ကြုံတွေ့ပြီး ဖြေရှင်းနိုင်ခဲ့သော အခက်အခဲများကို တစ်ဦးနှင့်တစ်ဦး တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်း ရင်းနှီးစွာ နှီးနှောတိုင်ပင်ဖလှယ်ကြရန် ရည်ရွယ်ပြီးပထမဆုံးပွဲဦးထွက်အနေနဲ့

ဒေါက်တာ စိုးထွန်း (Farmer Auto)

ဦးမျိုးဇင်ဝင်း (Swel Taw Business )

ဦးနေဇင်လတ် (JY's Auto Repair )

ကိုအရည်ကြို တို့မှ

  • ကားပါကင် ထောက်ခံချက်ပိတ်လိုက်တဲ့အပေါ် အမြင်
  • ဝင်ငွေခွန် ထပ်မံကောက်ခံမှုအပေါ် အမြင်
  • Without ကားတွေကို တစ်ချို့တိုင်းဒေသကြီးတွေမှာ လိုင်စင်ထုတ်ပေးမယ့်သတင်းကအတည်ဖြစ်ပြီလား၊ အတည်ဖြစ်ပြီဆိုရင် လက်ရှိကားဈေးကွက်ကို ဘယ်လိုရိုက်ခတ်မှုတွေရှိနိုင်လဲ
  • လက်ရှိ ယာဉ်ကြောကြပ်တည်းမှုတွေဖြစ်တာ ကားတွေအရမ်းများနေလို့လား၊တစ်ခြားဘာအကြောင်းတွေ ရှိသေးလဲ၊ ဘယ်လိုဖြေရှင်းရင်ရနိုင်မလဲ
  • ကားကြပ်တည်းမှုပြဿနာနှင့် ပက်သက်ပြီး ယာဉ်ထိန်းရဲ အင်အားတိုးချဲ့ဖြေရှင်းသွား မည်၊ ဘလော့တုံးတွေ ဖယ်ရှားသွားမည်ဆိုသည်မှာ ထိရောက်တဲ့ ဖြေရှင်းချက်တွေလား

စသည့် အကြောင်းအရာများကို ပြည့်စုံရှင်းလင်းတိကျစွာ ဆွေးနွေးသွားခဲ့ပြီး ပွဲလာဧည့်ပရိတ်သတ်များမှလည်း ဆွေးနွေးသွားမှုများအပေါ် ပြန်လည်သုံးသပ်နှီးနှောဖလှယ်သွားခဲ့ပါတယ်။

နောက်လများတွင်လည်း ထိုနည်းတူစွာ ကားလောကတွင် ဖြစ်ပျက်နေသော အခက်အခဲများတွင်သာမက အခြား ကားနှင့်ဆိုင်သော အချက်အလက်များကိုလည်း နှီးနှော တိုင်ပင် ဖလှယ်နိုင်ရန်အတွက်လည်း CarsDB မှ စီစဉ်ပေးသွားမည်ဖြစ်တာကြောင့် မည်သည့်အကြောင်းအရာလေးတွေကို ဆွေးနွေးပေးရင် အဆင်ပြေမလဲ ပြောပြခဲ့ပေးပါဦးခင်ဗျာ။

Author