၁၉၉၅ မိုဒယ်အောက် ခရီးသည်တင်ကားများဖြစ်သော လူစီးစလစ်ရမည့် ကားအစီးရေ ၁ဝဝဝ ကျော်အား ဇွန်လ ၂ဝ ရက်နောက်ဆုံးအပ်နှံရမည် ဖြစ်တယ်လို့ မနေ့ပြုလုပ်တဲ့ အများပြည်သူသယ်ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့တွင် ပြောကြားလိုက်ပါတယ်။ ထိုကားအစီးရေ ၁ဝဝဝ သည် ဇွန်လ ၂ဝ ရက်နောက်ဆုံးထားအပြီးအပ်နှံ၍ လူစီးစလစ်ထုတ်ရမည်ဖြစ်ရာ သတ်မှတ်ရက်အတွင်း အပ်နှံခြင်းမရှိရင် ယာဉ်လိုင်းများတွင် ပြေးဆွဲနေတဲ့ လုပ်ငန်းလိုင်စင်ဖျက်သိမ်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်းသိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ၁၉၉၅ မိုဒယ်အောက် ခရီးသည်တင်ယာဉ်များကို အထူးစီမံချက်အနေဖြင့် ကားဟောင်းအပ်နှံပြီး လူစီးစလစ်ထုတ်ပေးနေသော်လည်း ခရီသည်တင်ယာဉ်များတွင် CNG မပါရှိသောယာဉ်များ၊ အပ်နှံခွင့် သတ်မှတ်ချက်မကိုက်ညီသောယာဉ်များနှင့် ပစ်ကပ် ကားများကိုတော့ လူစီးစလစ်ခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။
၁၉၉၅ မိုဒယ်အောက် ခရီးသည်တင် CNG ကားများဖြစ်သော စီးတီးဘတ်စ် ၊ ဒိုင်နာနှင့် ဘီအမ်ကားများကို ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလမှစတင်ပြီး ယာဉ်အိုယာဉ်ဟောင်းအပ်နှံပြီး လူးစီးစလစ်ထုတ်ပေးလျှက်ရှိရာ အပ်နှံပြီးကားအစီးရေ ၁၃၉၆ စီး ၊ကျန်ရှိကားအစီးရေ ၁ဝဝဝ ကျော်၊ အပ်နှံခွင့်မပြုထားသည့် ကားအစီးရေ ၂၆ဝ စီး ရှိကြောင်းသိရပါတယ်။
ခေတ်သစ်
Photo Credit