ပြည်ပမှ တင်သွင်းလာသည့် ကားများတွင် ချဲလ်စီ စစ်ဆေးမရသော ကားများ ဆိပ်ကမ်းမှ ထုတ်ယူခွင့်မပြု

0

Full article

![width=300](/redline/content/images/2017/05/111-300x193.jpg)

ပြည်ပနိုင်ငံများကနေ တင်သွင်းလာသော ကားများတွင် ချဲလ်စီ စစ်ဆေးမရတဲ့ကားများရှိနေတဲ့အတွက် ဆိပ်ကမ်းမှ ထုတ်ယူခွင့်မပြုတော့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။ စင်္ကာပူနိုင်ငံမှတင်သွင်းလာကားအများစုသည် ချဲလ်စီ ဆေးစစ်မရသည့်ကားများဖြစ်နေပြီး Cancellation စစ်ဆေးရာတွင်လည်း မိုဒယ်နှင့် ကွဲလွဲနေခြင်းများ ဘောင်အမှတ်အမှန်မပြခြင်းတို့ရှိနေသောကြောင့် ဆိပ်ကမ်းမှ ထုတ်ယူခွင့်မပြုဘဲနေတယ်လို့သိရပါတယ်။ ကုန်လမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမှ ကနဦး ယာဉ်စစ်ဆေးရာ၌ မူလစက်ရုံထုတ်ပုံစံမျိူး မဟုတ်ပဲ ဘောင်အမှတ်/ကိုယ်ထည်အမှတ် (Chassis Number) ပါသောနေရာအား ဖြတ်၍ ဖောက်ထည့်ခြင်း၊ကိုယ်ထည်အမှတ်များ ပြန်လည်ပြင်ဆင်ထားသည့် ကားများတွေ့ရှိနေလျှက်ရှိနေသဖြင့် အဆိုပါကားများကို မတ်လ ၁ ရက်မှစ၍ ကနဦးမှတ်ပုံတင်ပြုလုပ်ပေးမည်မဟုတ်ကြောင်း အသိပေးနှိူးဆော်ထားရှိသည်။ ထိုသို့ အသိပေးထားရှိပြီးနောက်ပိုင်း ဘောင်အမှတ်တိုက်ဆိုင်စစ်ဆေးမရနေတဲ့ ကားများကို ဆိပ်ကမ်းထုတ်ယူပေးမှု ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။ ဘောင်ဖောက်ထည့်၊ဘောင်ဖြတ်ထည့် ပြုလုပ်သည့် ကားအများစုမှာ ကိုးရီးယားနိုင်ငံထုတ်ကားများနှင့် စင်္ကာပူနိုင်ငံထုတ်ကားများ ဖြစ်နေကြောင်းသိရပါတယ်။

ခေတ်သစ်

Photo Credit

Author