ကားများပြည်တွင်းသို့တင်သွင်းရောင်းချရာတွင် အစိုးရပိုင်းမှ Safety ပိုင်းအား ဂရုစိုက်ကြပ်မတ်ပေးရန်လိုအပ်ပြီး ရောင်းချသည့်ဘက်မှလည်း သေချာစွာရှင်းလင်းပေးသင့်ကြောင်း ပြောပြခဲ့သည်။ ဝယ်ယူသူဘက်မှလည်း မိမိအသိနှင့်အမြဲတစေ ဂရုစိုက်ရန်လိုအပ်ပြီး ပြင်ဆင်သူများဘက်မှလည်း တက်ကျွမ်းနားလည်ရန်လိုအပ်ကြောင်း သိရသည်။
ကား၏ Safety ပိုင်းနှင့် ပက်သက်သည့် အသေးစိတ်အချက်အလက်များကို ရောင်းချသူဘက်မှ ဝယ်ယူသူအား သေချာစွာရှင်းလင်းပြောဆိုပါက ပိုမိုကောင်းမွန်နိုင်ကြောင်း သုံးသပ်ပြသည်။
အကယ်၍ အသုံးပြုသူမှ မိမိကိုယ်ကို အာမခံချက်မရှိ၍ ကျော်လွန်၍ မောင်းနုင်နိုင်ပါက ပို၍မြင့်သည့် စံနှုန်းသတ်မှတ်ချက်ရှိသော ပစ္စည်းမျိုးကို အသုံးပြုသင့်ကြောင်း အကြံပြုပြောဆိုသည်။ ရောင်းချသည့်ဘက်မှ တာဝန်ယူပေးရသည်ဆိုသော်လည်း ကားကိုပြင်ဆင်ပေးရသည့် Technician များနှင့်လည်း သက်ဆိုင်ကာ ဘက်စုံ လိုအပ်ချက်ရှိကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။
Auto World Journal မှကူးယူဖော်ပြသည်။