Full article

ကမ္ဘာ့နိုင်ငံများ၏ တချို့သော မြို့ကြီးများ၌ အသုံးပြုလျက်ရှိသော မော်တော်ယာဉ်ပြေးဆွဲမှုထိန်းချုပ်ရေးအခန်းကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးတွင် ဖြစ်ပွားနေသော ယာဉ်ကြောပိတ်ဆို့မှုများကို လျှော့ချနိုင်စေရန်အတွက် ထိန်းချုပ်ရေးအခန်းကိုထားရှိသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Untitled-1

အဆိုပါ ယာဉ်ကြောပိတ်ဆို့မှု ထိန်းချုပ်ရေးအခန်း ကိုတရုတ်နည်းပညာဖြင့်အသုံးပြုသွားဖွယ်ရှိကြောင်း နှင့် နည်းစနစ်ပိုင်းကို အစည်းအဝေး ထိုင်၍ဆုံးဖြတ်ချက်ရယူ သွားမည်ဖြစ်ကြောင်း ယာဉ်ထိန်းရဲရုံးမှ တာဝန် ရှိသူတစ်ဦး၏ပြောပြချက်အရသိရှိရသည်။ ယင်းထိန်းချုပ်ရေးအခန်းကို ရန်ကုန်မြို့တွင်းဖြစ်ပေါ်နေသော ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချနိုင် ရန်ရည်ရွယ်ထားကြောင်း သိရှိရသည်။ ထို့အတွက်လည်း မကြာမီအချိန်အ တွင်း အဆိုပါစီမံကိန်းစတင်နိုင်ရန် လိုအပ်သည့်ပစ္စည်းကိရိယာများတပ်ဆင်၍ ဆောင်ရွက်သွားရန်စီစဉ်နေကြောင်း သိရှိရသည်။

Ref:Auto World

Photo detail: dobienet

Author