ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ တစ်ပတ်အတွင်း စည်းကမ်းနှင့် ညီညွတ်ခြင်းမရှိသည့် ယာဉ်အစီးရေ တစ်သောင်းခွဲခန့် စစ်ဆေးခဲ့ပြီး ပြိုင်ကား ၁ဝ စီး အပါအဝင် စည်း ကမ်းနှင့်မညီ၍ အရေးယူခဲ့သည့် အမှုပေါင်း ၃၅ဝ ကျော်အထိ ရှိခဲ့ကြောင်း 'အမှတ်-၂ ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး(ရန်ကုန်)'မှ သတင်း ရရှိသည်။
ယခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်မှ မတ် ၅ ရက်အထိ ယာဉ် အစီးရေ ၁၄,ဝ၆၁ စီး စစ်ဆေးခဲ့ရာ ယင်းတို့အနက် ပြိုင်ကား ၁ဝ စီး အပါအဝင် အရေးယူခဲ့သည့် အမှု ပေါင်း ၃၅၂ မှု ရှိခဲ့ကြောင်း သိရသည်။ "စည်းကမ်းနဲ့မညီတဲ့ ယာဉ်တွေကို ဖမ်းဆီးစစ်ဆေး အရေးယူမှုတွေ စဉ်ဆက်မပြတ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ အဓိကကတော့ ပြစ်မှုအကြီး ကြီးတွေ မဖြစ်ခင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ စစ်ဆေးဖမ်းဆီးမှုတွေ ပြုလုပ်တာ ဖြစ်ပါတယ်"ဟု အထက်ပါဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ စည်းကမ်းနှင့် ညီ ညွတ်ခြင်း မရှိသည့် ယာဉ်များအား စစ်ဆေး အရေးယူရာ၌ Taxi Box မပါခြင်း၊ တက္ကစီဘုတ်ပြား၊ နံပါတ်ပြားများ မီးမလင်းခြင်း၊ ယာဉ်မရပ်ရနေရာ များတွင် ရပ်နားခြင်း၊ မှတ်တိုင်မဟုတ်ဘဲ မောင်းနှင်ခြင်း၊ စတစ်ကာကပ်ခြင်း၊ ပာိုင်းလပ်ယာဉ်များ တွယ်စီးခြင်း အစရှိသဖြင့် စစ်ဆေးအရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Ref: Automobile