လက်ရှိအချိန်တွင် 'လ၊သ၊ အ' ယာဉ်အို၊ ယာဉ်ဟောင်းများ အပ်နှံရန်ကျန်ရှိသည့် အစီးရေမှာ အလွန်နည်းပါးလျက်ရှိနေပြီး ဈေးကွက်လိုအပ်ချက်အရ ထပ်မံအပ် နှံခွင့်ပြုမည် အက္ခရာကိုသာ စောင့်မျှော်နေရကာ စလစ်ကပ်ကားများ အတွက် အရောင်းအဝယ် ပြုလုပ်ရာတွင် စလစ်ဈေး မတည်ငြိမ်မှု ရှိသည့်အတွက် အခက်အခဲ ဖြစ်ပေါ်လျက်ရှိ ကြောင်း ကားအရောင်း စင်တာပိုင်ရှင်များထံမှ သိရသည်။ "အပ်ကား ရှားပါးနေတဲ့အချိန်မှာ စလစ်ဈေးကွက်မြင့်တက်လာလို့ Showroom တွေ အနေနဲ့ အရောင်းအဝယ် ပြုလုပ်ရတာ အခက်အခဲတွေ ဖြစ်နေတယ်၊ စလစ်ဈေးက တည်ငြိမ်မှုမရှိတဲ့အတွက် စလစ်ကပ်ကားတစ်စီးကို ဒီနေ့ရောင်း၊ မနက်ဖြန်ရှုံး ဖြစ်နေတယ်၊ စလစ်ဈေးကလည်း တက်လိုက်ကျလိုက် ဖြစ်နေတော့ အရှုံးနဲ့အမြတ်မှာ ရှုံးဖို့ ၉ဝ ရာခိုင်နှုန်း လောက်သေချာတယ်၊ နောက်ထပ်အက္ခရာ ခေါ်ယူမယ်ဆိုရင်တော့ အဆင်ပြေသွားမယ် ထင်တယ်၊ အခုအချိန်ထိ ဘယ်အက္ခရာကို ဘယ်အချိန်မှာ ခေါ်မယ်ဆိုတာ သေသေချာချာ မသိရတာကတော့ အဆင်မပြေဘူး၊ အဲဒါကို သေသေ ချာချာသိရမှ စလစ်ဈေးတွေ လျော့ကျ သွားမယ်၊ ပြီးတော့ တည်ငြိမ်တဲ့ စလစ်ဈေးကွက်တစ်ခု ဖြစ်လာမယ်၊ အခုက စလစ်ဈေးတွေ မြင့်တက်နေတော့ ကားဝယ်စီးတဲ့ ပြည်သူတွေ နစ်နာမှုတွေရှိတယ်၊ ဈေးနှုန်း သက်သက်သာသာနဲ့ ဝယ်ယူနိုင်အောင် ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှုပေါ်လစီကို ကညန အနေနဲ့ ပြင်ဆင်သင့်ပါပြီ"ဟု WK ကားအရောင်းစင်တာပိုင်ရှင် ဒေါက်တာ ဝင်းကို ကပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် ကားဈေး ကွက်အတွင်း မတ် ၁၉ ရက် အထိ ဖြစ်ပေါ်နေသော စလစ်ဈေးနှုန်းများအရ 'လ၊သ၊အ' ကားဟောင်း စလစ်တစ် စောင်လျှင် ၁၁၂ သိန်းဝန်းကျင်၊ ၁/က စလစ် တစ်စောင်လျှင် ၈၆ သိန်းဝန်းကျင် နှင့် QQ3 စလစ်တစ်စောင်လျှင် ၆၁ သိန်းဝန်းကျင် ပေါက်ဈေးရှိ ကြောင်းသိရသည်။
Ref: Automobile