အရောင်းစင်တာများ မဝယ်ခြင်းကြောင့် စလစ်အရောင်းအဝယ်ကျ

0

Full article

ရန်ကုန်၊ စက်တင်ဘာ (၇)

မော်တော်ယာဉ်အရောင်းအဝယ် လျော့ကျနေခြင်းနှင့်အတူ မော်တော်ယာဉ် အရောင်းစင်တာများကလည်း ယာဉ်ဟောင်းစလစ် မဝယ်ယူတော့ခြင်းကြောင့် စလစ်အရောင်းအဝယ်ကျဆင်းကြောင်း ယင်းဈေးကွက်အတွင်းထံမှ သိရသည်.။

ယခင်က အရောင်းစင်တာများက စလစ်ဝယ်ယူခြင်းကြောင့် စလစ်အရောင်းအဝယ်ပုံမှန်ရှိခဲ့သော်လည်း ယခုအခါ အရောင်းအဝယ် တဖြည်းဖြည်းကျဆင်းလာကြောင်း စလစ်ဝယ်ရောင်းများထံမှ သိရသည်.။

"အရင်တုန်းက အရောင်းစင်တာတွေက တစ်ရက်ကို စလစ်တစ်စောင်၊ နှစ်စောင်လောက်တော့ အနည်းဆုံး ဝယ်လေ့ရှိကြတယ်။ အခုတော့ လုံးဝမဝယ်ဘူး" ဟု စလစ်ဝယ်ရောင်း ဦးမောင်မောင်ဇော်က ပြောဆိုသည်.။

လတ်တလော ယာဉ်အိုယာဉ်ဟောင်းအဖြစ် အပ်နှံခွင့်သက်တမ်းပြည့် မော်တော်ယာဉ်များထဲတွင် မော်တော်ယာဉ်အကောင်းများသာ ကျန်ရှိတော့ခြင်းကြောင့် အပ်ကားလျော့နည်းသော်လည်း ယာဉ်ဟောင်းဈေးနှုန်းနှင့် စလစ်ဈေးနှုန်းမှာ ထပ်မံမြင့်တက်လာခြင်း မရှိသေးကြောင်း ၎င်းက ပြောကြားသည်.။

သို့သော် ကညနခွန်ရာခိုင်နှုန်းလျှော့ပေါ့ခွင့် မရရှိတော့သည့်အတွက် လက်ရှိစလစ်ဈေးနှုန်းများသည်ပင် ဈေးအမြင့်သို့ ရောက်ရှိနေခြင်းဖြစ်ပြီး ထပ်မံမြင့်တက်နိုင်ခြေ မရှိတော့ကြောင်း မော်တော်ယာဉ်လုပ်ငန်းရှင် ဦးထွဋ်ထိပ်က ရှင်းပြပြောဆိုသည်.။

လက်တလော စလစ်ဈေးနှုန်းသည် နှစ် ၂ဝ သက်တမ်းပြည့် စလစ်တစ်စောင်လျှင် ကျပ် ၆၆ သိန်းခန့် ဈေးရှိပြီး ယင်းသက်တမ်းပြည့် ယာဉ်အိုယာဉ်ဟောင်းတစ်စီးလျှင် ကျပ် ၆၃ သိန်းခန့်ရှိကြောင်း၊ စက်မှုဇုန်ထုတ်စလစ် တစ်စောင်လျှင် ကျပ်သိန်း ၄ဝ ခန့်နှင့် ယင်းမော်တော်ယာဉ်ဟောင်းတစ်စီးလျှင် ကျပ် ၄၈ သိန်းခန့်ရှိကြောင်း စလစ်ဈေးကွက်အတွင်းမှ သိရသည်.။

September 8, 2015 ထုတ် The Voice Daily မှ ကူးယူဖော်ပြသည်.။

www.carsdb.com

No. 1 Car Site in Myanmar

Author