စည်ပင်လိုင်စင်တစ်ခုတည်းဖြင့် ကားရောင်းချနေမှူများများကို ကုမ္ပဏီ လိုင်စင် သက်တမ်းတိုး ရပ်ဆိုင်းမည်

0

Full article

![](/redline/content/images/2017/05/2-1-300x169.jpg)

ကားအရောင်းစင်တာ ဆိုင်းပုဒ်တင်၍ စည်ပင်သာယာလိုင်စင်တစ်ခုတည်းဖြင့် ကားရောင်းချ နေသည့် ကုမ္ပဏီ များကို လိုင်စင်သက်တမ်းတိုးခွင့် ရပ်ဆိုင်းသွားမှာဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရပါတယ်။ ကားအရောင်းစင်တာဆိုင်းပုဒ်တင်ပြီး စည်ပင်လိုင်စင်တစ်ခုတည်းနဲ့ဖွင့်နေတာတွေရှိနေပါတယ်။ ဒါကြောင့် ကားအရောင်းစင်တာ

ဖွင့်မယ်ဆိုရင် သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေရှိရမယ်။ ဒီလိုလုပ်နေတဲ့ ကုမ္ပဏီတွေကို စစ်ဆေးတာတွေလုပ်ပြီး ကုမ္ပဏီလိုင်စင် သက်တမ်းတိုးတာကို ရပ်ဆိုင်းသွားမှာပါ။ လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မော်တော်ယာဉ်များရောင်းချရန် အရောင်းစင်တာများဖွင့်လှစ်ခွင့် ပေးရာမှာ သတ်မှတ်ထားသောမြေနေရာအကျယ်အဝန်း ၊ သတ်မှတ်ထားသည့် စည်းကမ်းချက်များရှိရမည်ဖြစ်ရာ အရောင်းစင်တာလိုင်စင် လိုင်စင်ဆောင်ရွက်ခွင့်ပြုသွားမှာ ဖြစ်ကြောင်းသိရပါတယ်။

ခေတ်သစ်

Photo Credit

Author