သတ်မှတ်စည်းကမ်းချက်နှင့် မကိုက်ညီသော ဟန်ပြဖွင့်လှစ်ထားရှိသည့် ကားအရောင်း စင်တာများကို အရေးယူမည်

0

Full article

မော်တော်ကား အရောင်းစင်တာများကို ကားများရောင်းချရန်အတွက် လုပ်ကိုင်ခွင့်ပေးထားရာ သတ်မှတ်စည်းကမ်းချက်နှင့် မကိုက်ညီသော ဟန်ပြဖွင့်လှစ်ထားရှိသည့် ကားအရောင်းစင်တာများကို အရေးယူသွားမှာ ဖြစ်သည်ဟု စီးပွား/ကူးသန်းဝန်ကြီးဌာန က သိရပါသည်။

၂ဝ၁၈ ခုနှစ်တွင် ကားတင်သွင်းခွင့် မိုဒယ်သတ်မှတ်ချက်အရ ဘယ်မောင်း ကားများသာ တင်သွင်းရမည်ဖြစ်၍ ညာမောင်း ၆ လအထိ ရနေသော consigniment ပါမစ်များ လျှောက်ထားရန်အတွက် အရောင်းစင်တာ လျှောက်ထားမှုတွေ များလာနေသည်ဟု သိရသည်။

"အရောင်းစင်တာတွေကို မြေပြင်စစ်ဆေးရေးအဖွဲ့တွေနဲ့စစ်ဆေးမယ်။ သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့ မကိုက်ဘူးဆိုရင် အရေးယူမယ်။ သိုလှောင်ရုံမရှိတဲ့ ကားအရောင်းစင်တာတွေကိုလည်း စစ်ဆေးသွားမှာပါ။"ဟု စီးပွား/ကူးသန်းဝန်ကြီးဌာန တာဝန်ရှိသူက ပြော ကြားသည်။

ကားအရောင်းစင်တာမရှိ၊ သိုလှောင်ရုံမရှိသည့် ကုမ္ပဏီ ၇၇ ခု ကို သတ်မှတ်စည်းကမ်း ချက်နှင့် မကိုက်ညီ၍ အရောင်းစင်တာများကို ပိတ်သိမ်းရန်လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်ဟု သိရသည်။

ကားအရောင်းစင်တာ ပိတ်သိမ်းလိုပါက ကုမ္ပဏီများကို အခွန် ကိစ္စရှင်းလင်းခြင်း၊ ရောက်ရှိ၊ရောင်းချ ၊ ငွေလွဲလက်ကျန် စာရင်းရှင်းလင်းခြင်းတို့ကို ပြုလုပ်သွားရမှာ ဖြစ်ရာ အရောင်းစင်တာပိတ်သိမ်းခြင်းကို ဆောင်ရွက်သွားရမှဖြစ်သည်ဟု သိရသည်။

နေပြည်တော်တွင် အရောင်းစင်တာများဖွင့်လှစ်ရန်တင်ပြလျှောက်တာများလာပြီး ညာမောင်းတင်သွင်းခွင့်ရတဲ့ အရောင်းစက်တာ consigniment ပါမစ်များ ရရန် လုပ်ဆောင်လာနေကြောင်း သိရသည်။

Author