ရန်ကုန်မြို့ ရှိ Myanmar Convention Centre ၌ ဇန်နဝါရီလ ၁၉ရက်နေ့မှ ၂၂ ရက်နေ့အထိပြုလုပ်မည့် ကုန်စည်ပြပွဲတွင် ပြည်တွင်းပြည်ပ ကုမ္ဗဏီများမှ မော်တော်ကားများကို ပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါပြပွဲတွင် အိမ်စီးကားများ၊ ဘတ်စ်ကားများ၊ လုပ်ငန်းသုံးကားများနှင့် မော်တော်ဆိုင်ကယ်များကို တင်သွင်းခွင့်ပါမစ်များမလိုပဲ ဝယ်ယူနိုင်မည်ဖြစ်သည်။
ထိုပြပွဲတွင် Japan, South Korea, China, Thailand နှင့် India နိုင်ငံတို့မှ ကုမ္ဗဏီများပါဝင်မည်ဖြစ်ပြီး ကားနှင့်ပတ်သက်သော အပိုပစ္စည်းများလည်း ပြသမည်ဖြစ်ကြောင်း သတင်းများမှ ဖော်ပြထားသည်။ ပြခန်းပေါင်း ၂ဝဝ ကျော်ရှိမည်ဖြစ်ပြီး လည်းကောင်းပြခန်းများ၏ ၅ဝရာခိုင်နှုန်းကျော်မှာ မော်တော်ကား/ဆိုယ်ကယ်နှင့်ပတ်သက်သောပြခန်းများ ဖြစ်ကြောင်း သိရှိရပါသည်။