ပိတ်သိမ်းထားပြီး စာရင်းမရှင်းနိုင်သည့် ကားအရောင်းစင်တာ ၁၉ ခု ကို ထိရောက်စွာ အရေးယူမည်

0

Full article

ပိတ်သိမ်းထားပြီး စာရင်းမရှင်းနိုင်သည့် ကားအရောင်းစင်တာ ၁၉ ခု ကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာနထံကနေ သိရသည်။

ကားအရောင်းစင်တာများ ဖွင့်လှစ်ရန် တင်ပြထားသော်လည်း အမှန်တစ်ကယ် မဖွင့်လှစ်သောကြောင့် စစ်ဆေး မရဖြစ်ကာ လက်ကျန်ငွေစာရင်းများ နှင့် အခွန်များ မရှင်းလင်းနိုင်သေးသည့် အရောင်းစင်တာ ၁၉ ခုအထိရှိနေကြောင်း သိရသည်။

"အရောင်းစင်တာ ၁၉ ခုဆိုရင် ပိတ်သိမ်းပြီး အခွန်ကိစ္စတွေ စာရင်းရှင်းရမှာ ကျန်သေးလို့ ထိရောက်တဲ့ အရေးယူတာတွေ လုပ်သွားမှာပါ။ အရောင်းစင်တာဖွင့်ပြီးဖွင့်မယ် ဆိုတဲ့နေရာမှာတောင် ရှာလို့မရလို့ အရေးယူသွားမှာပါ။"ဟု စီးပွား/ကူးသန်းဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မော်တော်ယာဉ်များ တင်သွင်းရောင်းချရန်တင်ပြထားပြီး ကားအရောင်းစင်တာနှင့် သိုလှောင်ရုံမရှိသည့် ကုမ္ပဏီ ၇၇ ခု ကို သတ်မှတ်စည်းကမ်းချက်နှင့် မကိုက်ညီ၍ အရောင်းစင်တာ ပိတ်သိမ်းရန်အရေးယူမှုများ ပြုလုပ်ခဲ့ခြင်းများလည်းရှိကြောင်း သိရသည်။

ကုမ္ပဏီများသည် အခွန်ကိစ္စရှင်းလင်းခြင်း၊ ရောင်းချခြင်းနှင့် ငွေလွဲလက်ကျန် စာရင်းရှင်းလင်းခြင်းတို့ကို ပြုလုပ်သွားရ မည်ဖြစ်ပြီး မပြုလုပ်ပါက အရောင်းစင်တာပိတ်သိမ်းခြင်းကို ဆောင်ရွက်သွားရမှာဖြစ်သည်ဟု သိရသည်။
L-01

Author