အမှတ် ၃ လမ်းမတွင် ဖွင့်လှစ်ထားသော ကားအရောင်းစင်တာများ သတ်မှတ်ချက် မကိုက်ညီ၍ အရေးယူမည်

0

Full article

အမှတ် ၃ လမ်းမကြီးတွင် ဖွင့်လှစ်ထားသော ကားအရောင်းစင်တာများ အရောင်းစင်တာ လိုင်စင် မပြုလုပ်ထားဘဲ အများပြည်သူပိုင်နေရာတွင် ကားများ ရောင်းချနေခြင်းကို အရေးယူသွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရသည်။

ထိုကဲ့သို့ အရောင်းစင်တာလိုင်စင်မရှိဘဲ အရောင်းစင်တာဆိုင်းဘုတ်တင်၍ ကားရောင်းချနေမှုများကို သက်ဆိုင်ရာ စည်ပင်သာယာအဖွဲ့အား အသိပေးအကြောင်းကြားထားပြီးဖြစ်ရာ မြို့နယ်အုပ်ချူပ်ရေးမှူးရုံးကလည်း ခေါ်ယူသတိပေးမှုများပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

"အမှတ် ၃ လမ်းမပေါ်မှာ အရောင်းစင်တာ လိုင်စင်မရှိဘဲနဲ့ ဆိုင်းဘုတ် တင်ပြီး ကားရောင်းနေတဲ့ သူတွေရှိတယ်။ အဲ့ဒါကိုလည်း စစ်ဆေးမှုတွေလုပ်သွားမှာပါ။ အရောင်စင်တာ ဖွင့်မယ်ဆိုရင် သတ်မှတ်ထားတဲ့ လိုင်စင်နဲ့ သက်မှတ်ချက်တွေရှိရမှာဖြစ်ပါတယ်။"ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရသည်။

အမှတ် ၃ လမ်းမပေါ်တွင် တရားဝင် အရောင်းစင်တာ ဖွင့်လှစ်ထားသူများလည်းရှိသလို အခွန်မဆောင်ဘဲ မြေနေရာ ဌားရမ်းပြီး အရောင်းစင်တာ ဆိုင်းဘုတ်တင်ထားသော ကားရောင်းချနေမှုများကို မြို့နယ်အုပ်ချူပ်ရေးမှူးရုံးမှ သတိပေးထားရှိပြီး အများပြည်သူ လမ်းပေါ်များတွင် ရောင်းနေသော ကားများဖယ်ရှားရန် အကြောင်းကြားထားကြောင်း သိရသည်။

Author