Full article

![uc04](/redline/content/images/2016/05/uc04-300x200.jpg)

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အရောင်းပြခန်းနှင့် အရောင်းစင်တာများမှ ကားပါကင်ထောက်ခံချက် များအား အမြန်ဆုံးပြန်လည် ထုတ်ယူခွင့်ပေးသင့်ကြောင်း မော်တာ်ကားအရောင်းပြခန်းပိုင်ရှင်အများစု ကဆိုသည်။


Consignments စနစ်ဖြင့်တင်သွင်းထားသော အရောင်းပြခန်းနှင့် အရောင်းစင်တာများမှ ကားပါကင်ထောက်ခံချက် အစောင်ရေ ၂၃ဝ ဝန်းကျင်အား ခွင့်ပြုပေးရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူ းရောင်းချရေးအသင်းမှ တင်ပြထားရှိကြောင်းသိရသည်။

အရောင်းပြခန်းနှင့် အရောင်းစင်တာများက တင်သွင်းထားတဲ့ ကားပါကင်ထောက်ခံချက်တွေကို ခွင့်ပြုပေးဖို့တင်ပြထားတာရှိပါတယ်။တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေနဲ့ အမြန်ဆုံး ခွင့်ပြုပေးသင့်တယ်။တရားဝင်အခွန်ပေးဆောင်ပီးတင်သွင်းထားတာဖြစ်ပါတယ်။ကြိုတင်စရံငွေယူပီးရောင်းထားတဲ့ကားတွေဖြစ်နေတဲ့အတွက် ရောင်းပီးသားလူတွေနဲ့နေ့တိုင်းဖြေရှင်းနေရတယ် ဟု ကားအရောင်းစင်တာများကဆိုသည်။

ဧပြီလ ၁ ရက်နေ့မှစ၍ ကားပါကင်ထောက်ခံချက် များကို ရပ်ဆိုင်းလိုက်ပီး တစ်လကျော်ကြာမြင့်နေသော်လည်း မည်သည့်စနစ်ဖြင့် အစားထိုးဆောင်ရွက်မည်ကို မသိရှိသေးကြောင်းသိရသည်။ ကားပါကင်ထောက်ခံချက် စနစ်သည် အမှန်တစ်ကယ် တင်သွင်းသူများမှာ နစ်နာနေလျှက်ရှိပီး မြို့နယ် ခရိုင်အဆင့်များမှ တင်သွင်းခြင်းရှိမရှိ စစ်ဆေးမှူမပြုလုပ်ပဲခွင့်ပြုပေးနေကြောင်းသိရသည်။

Author