မိုဒယ်သတ်မှတ်ချက်ထုတ်ပြန်ပြီး နောက်ပိုင်းလျှောက်သော အရောင်းစင်တာများအား ဒီနှစ် Consignment ပါမစ် ရမည်မဟုတ်

0

Full article

မိုဒယ်သတ်မှတ်ချက်ထုတ်ပြန်ပြီးနောက်ပိုင်း အရောင်းစင်တာ ဖွင့်ရန် လျှောက်ထားမှုများအား ဒီနှစ် Consignment ပါမစ် ရမည်မဟုတ်ကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာနကနေ သိရသည်။

လာမည့် ၂ဝ၁၈ ခုနှစ်တွင် ကားတင်သွင်းခွင့် မိုဒယ်သတ်မှတ်ချက်အရ ဘယ်မောင်းကားများသာ တင်သွင်းရမည်ဖြစ်ပြီး ညာမောင်းတင်သွင်း ခွင့်ရသည့် Consigniment ပါမစ်များ ၆ လအထိတိုင် သက်တမ်းတိုးရမည်ဖြစ်သောကြောင့် ကားအရောင်းစင်တာ လျှောက်ထားမှုများ ပြားလာနေကြောင်း သိရသည်။

"မိုဒယ်သတ်မှတ်ချက် ထွက်ပြီး နောက်ပိုင်း လျှောက်ထားလာတဲ့ အရောင်းစင်တာတွေကို Consigniment ပါမစ်တွေက နောက်နှစ်အတွက်ပဲရမှာပါ။ အရောင်းစင်တာဖွင့်ဖို့ လျှောက်တာတွေ အရမ်းများလာလို့ သတ်မှတ်ထားတာပါ။"လို့ စီးပွား/ကူးသန်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂ဝ၁၇ ခုနှစ်အတွင်း ဒီဇင်ဘာလ အတွင်း အရောင်းပြခန်း၊ အရောင်းစင်တာများအတွက် Normal LC/TT ၊ Consigniment စနစ်ဖြင့် ထုတ်ပေးသည့် သွင်းကုန်လိုင်စင်နှင့် အစိုးရဌာနများကိုထုတိပေးသည့် သွင်းကုန်လိုင်စင်ပါမစ်များကို မူလလိုင်စင်သက်တမ်း ၃ လသာ ခွင့်ပြုသွားမည်ဖြစ်ပြီး သက်တမ်းကုန်ဆုံးပြီးပါက ပထမအကြိမ် သက်တမ်း ၂ လ ၊ ဒုတိယအကြိမ် သက်တမ်း ၁ လ ခွင့်ပြုထုတ်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ထားသည်။

P-01

Author