ကားအရောင်းစင်တာများက Consigniment စနစ်နဲ့တင်သွင်းထားရှိသောကားများကို သက်တမ်း ၆ အတွင်းစလစ်မကပ်နိုင်ပါက အခွန်ပြန်လည်ထုတ်ယူခွင့်မပးဘဲ ဖျက်သိမ်းမည်

0

Full article

ကားအရောင်းစင်တာများက Consigniment စနစ်နဲ့တင်သွင်းထားရှိသောကားများကို သက်တမ်း ၆ အတွင်းစလစ်မကပ်နိုင်ပါက အခွန်ပြန်လည်ထုတ်ယူခွင့်မပေးဘဲ ဖျက်သိမ်းခြင်းကို လုပ်ဆောင်သွားမှာဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှသိရပါတယ်။Consigniment စနစ်နဲ့တင်သွင်းထားရှိသော ကားများကို နောက်ဆုံးအကြိမ်အဖြစ် သက်တမ်း ၆ လတိုးပေးခြင်းဖြစ်ရာ ပြည်ပနိုင်ငံများသို့ ပြန်ပို့မှသာလျှင် ပေးသွင်းထားသောအခွန်များပြန်လည်ထုတ်ပေးမည်ဖြစ်သည်။

ကားအရောင်းစင်တာတွေက Consigniment တင်သွင်းထားတဲ့ ကားတွေကို နောက်ဆုံးအနေနဲ့သက်တမ်း ၆ လတိုးခွင့်ပေးထားပါတယ်။သက်တမ်း ၆ လပြည့်လို့ စလစ်မကပ်နိုင်တဲ့ကားတွေကို ဖျက်သိမ်းသွားမှာပါ။ကြိုတင်လည်း ကြေငြာပေးသွားမှာဖြစ်ပါတယ်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

ထို Consigniment စနစ်နဲ့တင်သွင်းထားရှိတဲ့ ကားအစီးရေ ၁ဝဝဝ ကျော်ရှိနေသေးကြောင်း ဒီဇင်ဘာလအထိ စာရင်းများအရသိရပါတယ်။

သက်တမ်းတိုးခွင့်ပြုထားတဲ့ ၆ လအတွင်း စလစ်မကပ်နိုင်လျှင် ဖျက်သိမ်းဆောင်ရွက်ရန် မော်တော်ယာဉ်နှင့်ပက်သက်သော ဌာန ၃ ခုမှ ကြီးကြပ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။

ခေတ်သစ်

Author