Full article

မော်တော်ယာဉ် မှတ်ပုံတင်နံပါတ်များအား မိမိလိုချင်သော နံပါတ်ကို ရွေးချယ်လိုပါက ပေးဆောင်ရမည့် တန်ဖိုးများနှင့် စည်းမျဉ်းစည်းကမ်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
  • ယာဉ်အမှတ်များအား ၁ဝဝ၁ မှစတင်သတ်မှတ်ပေးပြီး ပေါင်းခြင်း ၁ဝ နှင့် ၁၃ တို့အား ချန်လှပ်ထားပါသည်။
  • ကြိုတင်ရွေးချယ်လိုပါက မော်တော်ယာဉ် တင်သွင်းခွင့် လိုင်စင်မိတ္တူနှင့် မှတ်ပုံတင် (သို့မဟုတ်) စိစစ်ရေးကဒ် မိတ္တူ ပူးတွဲ၍ ယာဉ်တစ်စီးလျှင် လျှောက်လွှာတစ်စောင်ဖြင့် လျှောက်ထားရမည်။
  • ယဉ်တစ်စီးအတွက် ကြိုက်နှစ်သက်သည့် ယဉ်အမှတ် ၁ဝ ခုအား ဦးစားပေးအဆင့်အလိုက် လျှောက်ထားနိုင်သည်။
  • ရွေးချယ်ခွင့်ပြုသည့် ယာဉ်အမှတ်အတွက် အောက်ပါအတိုင်း ပေးသွင်းရပါမည်
    • ရောက်ရှိနံပါတ်မှ ၁ဝဝဝ အတွင်းဖြစ်လျှင် ကျပ် ၅သိန်း
    • ရောက်ရှိနံပါတ်မှ ၂ဝဝဝ အတွင်းဖြစ်လျှင် ကျပ် ၆သိန်း
    • ရောက်ရှိနံပါတ်မှ ၃ဝဝဝ အတွင်းဖြစ်လျှင် ကျပ် ၇သိန်း
    • ရောက်ရှိနံပါတ်မှ ၄ဝဝဝ အတွင်းဖြစ်လျှင် ကျပ် ၈သိန်း
    • ရောက်ရှိနံပါတ်မှ ၅ဝဝဝ အတွင်းဖြစ်လျှင် ကျပ် ၉ သိန်း
    • ရောက်ရှိနံပါတ်မှ ၆ဝဝဝ အတွင်းဖြစ်လျှင် ကျပ် ၁ဝသိန်း
    • ရောက်ရှိနံပါတ်မှ ၇ဝဝဝ အတွင်းဖြစ်လျှင် ကျပ် ၁၁သိန်း
    • ရောက်ရှိနံပါတ်မှ ၈ဝဝဝ အတွင်းဖြစ်လျှင် ကျပ် ၁၂သိန်း
    • ရောက်ရှိနံပါတ်မှ ၉ဝဝဝ အတွင်းဖြစ်လျှင် ကျပ် ၁၃သိန်း
  • ၄လုံးပူး ဂဏန်းရယူလိုပါက အထက်ပါ သတ်မှတ်ချက်၏ ၂ဆ ပေးသွင်းရမည်။
  • ရောက်ရှိနံပါတ်အတွင်း ပေါင်းခြင်း ၉ ရယူလိုပါက ၅ သိန်းပေးသွင်းလျှင် ခွင့်ပြုသည်။
  • ပေါင်းခြင်း ၁ဝ နှင့် ၁၃ အား သတ်မှတ်မပေးသော်လည်း ရယူလိုပါက ရောက်ရှိနှင့် ကျော်လွန်အမှတ်ဖြစ်လျှင် ခွင့်ပြုပါသည်။
  • ကြိုတင်တောင်းဆိုသည့် နံပါတ်ဖြစ်လျှင် အထက်ပါ နှုန်းထားအတိုင်း ပေးသွင်းရမည်။
  • ရောက်ရှိနံပါတ်မှ ၁ဝဝဝ အတွင်းဖြစ်လျှင် ချက်ချင်း ခွင့်ပြုပါသည်။ ၁ဝဝဝ ကျော်လျှင် နေပြည်တော်သို့ တင်ပြ၍ ခွင့်ပြုချက် ရရှိမှသာ သတ်မှတ်ပေးမည် ဖြစ်ပါသည်။
  • သတ်မှတ်ခွင့်ပြုရာတွင် ဝင်စာအရ ဦးစွာရောက်ရှိသည့် လျှောက်လွှာကို ဦးစားပေး ဆောင်ရွက်ပါမည်။
  • သတ်မှတ်ခွင့်ပြုသည့် ယာဉ်အမှတ်အတွက် ၁ဝဝဝ အတွင်းဖြစ်လျှင် ချက်ခြင်း ငွေပေးသွင်းရမည်။ ၁ဝဝဝ ကျော်ဖြစ်လျှင် နေပြည်တော်သို့ တင်ပြ၍ ခွင့်ပြုချက်ရရှိပါက ရုံးပိတ်ရက် အပါအဝင် ၇ ရက်အတွင်း ပေးသွင်းရမည်။
  • ငွေပေးသွင်းပြီးမှသာ အတည်ဖြစ်ပါသည်။ သတ်မှတ်ရက်ထက်ကျော်လွန်ပါက ပယ်ဖျက်ခြင်း ခံရမည်။
  • ကနဦး မှတ်ပုံတင်ဆောင်ရွက်ရာတွင် ရွေးချယ်ယာဉ်အမှတ်အတွက် တင်ပြသည့် ယာဉ်တင်သွင်းခွင့် လိုင်စင်နှင့် ကွဲလွဲပါက ပယ်ဖျက်ခြင်း ခံရမည်။

Author