ကားတင်သွင်းမှူ အခွန်နှူန်းထားများ တိုးမြင့်ထားသောကြောင့် ကားဈေးနှူန်းများ အဆမတန်မြင့်တက်လာနိုင်

0

Full article


လာမည့် ဧပြီလ ၁ ရက်နေ့မှစ၍ စလစ်ကပ်တင်သွင်းသည့်ကားများ ကြိုတင်ဝင်ငွေခွန်ဆောင်ရမည်ဖြစ်ပြီးအထူးကုန်စည်နှုန်းထားများ ထုတ်ပြန်ခဲ့သောကြောင့်ကားတင်သွင်းမှူ အခွန်နှူန်းထားများ တိုးမြင့်လာမည်ဖြစ်၍ ကားဈေးနှူန်းများ အဆမတန်မြင့်တက်လာနိုင်မှာ ဖြစ်တယ်လို့ ကားတင်သွင်းရောင်းချနေသူအများစုက ဝေဖန်ထားကြသည်။

ဧပြီ ၁ ရက်မှစကာ ယာဉ်အိုယာဉ်ဟောင်း စလစ်ကပ်တင်သွင်းသည့်ကားများ ကြိုတင်ဝင်ငွေခွန် ကောက်ခံမည်ဖြစ်၍ စလစ်ကပ်ကားဈေးနှူန်းများမှာ သိန်းရာဂဏန်းအထက်မြင့်တက်လာမှာဖြစ်သည်။စလစ်ကပ်ကားတွေ ကြိုတင်ဝင်ငွေခွန် ဆောင်ရမယ်ဆိုရင် ကားဈေးက အများကြီးမြင့်တက်လာမှာ။lexus ကားတွေ alphard မော်ဒယ်မြင့် ခေတ်စားပြီးတင်သွင်းတာများနေတဲ့ကားတွေအားလုံး ဈေးတွေက ပုံမှန်ဈေးထက် သိန်း ၁ဝဝ အထက်ကိုရောက်သွားနိုင်တယ်။wish တို့ insight တို့လို ကားတွေလည်း ဈေးက ပုံမှန်ဈေးထက် သိန်း၅ဝ အထက်ပဲတက်သွားမှာ။နိုင်ငံက အခွန်ကောက်တယ်ဆိုတာတော့ ဟုတ်ပါတယ် သင့်တင့်တဲ့အခွန်ဆို ပေးရမှာပါ။နိုင်ငံက စီးပွားရေးအရမ်းမဖွံဖြိုးသေးတဲ့အချိန်မှာ အခွန်ကို အဲ့လောက်မကောက်သင့်သေးဘူး။လို့ ကားတင်သွင်းရောင်းချသူ ကိုအောင်လေးက ပြောသည်။ကားတင်သွင်းရာတွင် အထူးကုန်စည်ခွန်နှူန်းထားများသတ်မှတ်ထုတ်ပြန်ရာတွင် ၄ဝဝ၁ စီစီနှင့် အထက် ဗင်ကား၊ဆလွန်းကား၊ဆီဒင်နှင့်ဝက်ဂွန်ကားများကို အခွန် ၅ဝ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ပြီး ၂ဝဝ၁ စီစီမှ ၄ဝဝဝ စီစီအထိကားများကို ၃ဝ ရာခိုင်နှုန်း၊၁၅ဝ၁ စီစီမှ ၂ဝဝဝ စီစီအထိကားတွေကို ၂ဝ ရာခိုင်နှုန်း ကောက်ခံသွားမှာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ေ

ခေတ်သစ်

Photo Credit

Author