ကားတင်သွင်းရန် ပါမစ်လျှောက်ထားခြင်းကို ဒီဇင်ဘာလအထိ ခွင့်ပြုမည်

0

Full article

Photo Credit

 

၂ဝ၁၈ အတွက် ကားတင်သွင်းခွင့် မူဝါဒကို ကြိုတင်ထုတ်ပြန်ပေးမှာ ဖြစ်သော်လည်း ယခုနှစ် ကားတင်သွင်းရန် ပါမစ်များလျှောက်ထားခြင်းကို ပိတ်ပင်မှာမဟုတ်ဘဲ ၂ဝ၁၇ မိုဒယ်သတ်မှတ် ချက်များအတိုင်း ဒီဇင်ဘာလအထိ ဆက်လက်လျှောက်ထားခွင့်ပြုသွားမှာ ဖြစ်သည်ဟု စီးပွား/ကူးသန်းဝန်ကြီးဌာနက သိရသည်။

"ပါမစ်လျှောက်တာကိုတော့ ဒီဇင်ဘာလအထိ ခွင့်ပြုပေးမှာပါ။ ဒီနှစ်မိုဒယ်အတိုင်း ပဲလျှောက်လို့ရပါတယ်။ အောက်တိုဘာ ပထမအပတ်မှာ နောက်နှစ်အတွက် မိုဒယ်သတ်မှတ်ချက်ကို ထုတ်ပြန်ပေးသွားမှာပါ။"ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါသည်။

၂ဝ၁၈ အတွက် ကားတင်သွင်းခွင့်ပြုသွားမည့် မိုဒယ်သတ်မှတ်ချက်များတွင် ဘယ်မောင်း ကားများကိုပဲ တင်သွင်းခွင့်ပေးသွားမည်ဖြစ်ပြီး ကားပါမစ်လျှောက်ထားခြင်းကို သက်တမ်း ၃ လ၊ ၂လ၊ ၁လသာ ပေးထားကာ ယင်းပါမစ်များ ၆လပြည့်၍ ရက်ပိုင်းကျော်လွန်ပါက သက်တမ်းတိုးခြင်းကို ခွင့်ပြုထား ခြင်းမရှိကြောင်းလည်းသိရသည်။

ခေတ်သစ်

Author