ကုမ္ပဏီ လိုင်စင်တင်သွင်းမှု ထပ်မံကန့်သတ်ခဲ့၍ တစ်ရက်အတွင်း ပါမစ်ဈေး ၁၂ သိန်းအထိမြင့်တက်လာ

0

Full article

.


.unicode

ကုမ္ပဏီ လိုင်စင်တင်သွင်းမှူထပ်မံကန့်သတ်ခဲ့ ၍ တစ်တန်အောက် ပါမစ်များ ရှားပါးလာနေတဲ့အတွက် ပါမစ်ဈေး တစ်ရက်အတွင်း ၁၂ သိန်းအထိမြင့်တက်လာနေတယ်လို့ ကားတင်သွင်းရန် အတွက် လိုင်စင်လျှောက်နေသူများ က သိရပါသည်။ ကုမ္ပဏီ လိုင်စင်နဲ့တင်သွင်းနေသော လုပ်ငန်းသုံးကားများဖြစ်တဲ့ ၁ တန်နှင့်တစ်တန် အောက် ကားများ ဖြစ်တဲ့ ၆၆ဝ စီကားလေးများဖြစ်တဲ့ Hijet , Mini Truck, Delivery Van ကားများ ကို ပြည်တွင်းသို့တင်သွင်းပြီးကြောင်း ကာစတန် ID မူရင်းပြနိုင်မှသာလျှင် ယခု သြဂုတ်လအတွက် ပါမစ်လိုင်စင်ခွင့် ပြုပေးမှာ ဖြစ်တယ်လို့ သိရသည်။ "ကုမ္ပဏီ လိုင်စင် တွေကို အဲလိုလုပ်တာ သဘာဝမကျ ဘူး။ ကားသွင်းတဲ့ မူကို ချက်ချင်းပြောင်းနေတော့ အလုပ်လုပ်ရတာအဆင်မပြေဘူး။

ကုမ္ပဏီ လိုင်စင်ကားတွေ တစ်လတစ်စီး ဆိုတာ မဖြစ်နိုင်တော့ဘူး။ တစ်လတစ်စီးကို ကားရောက်ပြီး ID ပြမှ နောက်တစ်စီးတစ်လ ဆိုတော့ ကားရောက်ဖို့က ၂ လလောက်ကြာတယ်။ အဲ့သတင်းထွက်ပြီး တစ်ရက်ထဲကို လိုင်စင်ဈေးက ၁၂သိန်း တောင်ဖြစ်သွားတယ်။"ဟု ကုမ္ပဏီ လိုင်စင်နဲ တစ်တန်အောက် ကားတင်သွင်းနေတဲ့ ကိုဇော်လေး ကပြောပါတယ်။ ယခင်က ပင်လယ်ရေကြောင်းကနေတင်သွင်းနေတဲ့ တစ်တန်အောက်ကားလေးများဖြစ်တဲ့ Mini truck ကားလေးများ လိုင်စင်လျှောက်ထားတဲ့ ဈေးနှူန်းက ၅သိန်း ကနေ ၈သိန်း အထိ မြင့်တက်လာရာ ယခုရက်ပိုင်းအတွင်း ၁၂သိန်း အထိ ထပ်မံမြင့်တက်လာခဲ့တယ်လို့သိရပါတယ်။ခေတ်သစ်

Author