Full article

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂ဝ၁၅ ခုနှစ်တွင် ပြည်ပမှမော်တော်ယာဉ်တင်သွင်းရာတွင် မော်ဒယ်နှစ်သက်မှတ်ချက်အချို့ကို ပြင်ဆင်သတ်မှတ်လိုက်ကြောင်း အဆိုပါဌာန ပြည်ထောင်စု ဝန်ကြီးဦးဝင်းမြင့်က ပြော ကြားသည်။

ယင်းသို့ပြင်ဆင်သတ်မှတ်ရာတွင် ယာဉ်အိုယာဉ်ဟောင်း အစီအစဉ်ဖြင့် အစားထိုးတင်သွင်းသည့်ယာဉ်များကို ယမန်နှစ်သတ်မှတ်မော်ဒယ်ထက် မော်ဒယ်တစ်နှစ်လျှော့ချ (၂ဝဝ၁ မော်ဒယ်မှ ၂ဝဝ၉ မော်ဒယ်အထိ) တင်သွင်းရမည်ဖြစ် ပြီး မော်တော်ယာဉ်အသစ်များ (Brand New) တင်သွင်းမည်ဆိုပါက ရောက်ရှိနှစ်ထက် တစ်နှစ်တိုး၍ (၂ဝ၁၅ မော်ဒယ်) တင်သွင်းရမည်ဟု ပြည်ထောင်စုဝန်ကြီးကပြောဆိုသည်။

Credit: The Voice Sunday မှကူးယူဖေါ်ပြသည်။

Author