Full article

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အဆင့်မြင့် ယာဉ်ရပ်နားစခန်းသုံးခုကို ဗိုလ်တထောင်မြို့နယ်နှင့် ကမာရွတ်မြို့နယ်တို့၌ တည်ဆောက်သွားမည် ဖြစ်ကြောင်း 'ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ'မှ သတင်းရရှိသည်။

Car Car Park

ယာဉ်ရပ်နားစခန်းများကို ဗိုလ်တထောင်မြို့နယ်တွင် ၄၅ လမ်း ရှိ မြေဧရိယာ ၂ ဒသမ ၅၆၁ ဧကနှင့် ကုန်သည်လမ်းနှင့် သိမ်ဖြူလမ်းထောင့်ရှိ မြေဧရိယာ ၃ ဒသမ ဝ၆၈ ဧကတို့တွင် လည်းကောင်း၊ ကမာရွတ်မြို့နယ်တွင် လှည်းတန်းလမ်းနှင့် ထန်းတပင်လမ်းထောင့်ရှိ မြေဧရိယာ ဝ ဒ သမ ၁ဝ၃ ဧကတွင် လည်းကောင်း တည်ဆောက်ရန် ရွေးချယ်ထားကြောင်း သိရသည်။"အဆင့်မြင့် ယာဉ်ရပ်နားစခန်းဆောက်လုပ်မှာ ဖြစ်တဲ့အတွက် ဌာနနဲ့ ပုဂ္ဂလိက အကျိုးတူပူးပေါင်း ဆောင်ရွက်ဖို့ စီစဉ်ထားတယ်၊ ၂ဝ၁၃ ခုနှစ် လွှတ်တော်အစည်း အဝေးမှာကတည်းက အထပ်မြင့် ယာဉ်ရပ်နားစခန်း ဆောက်လုပ်ဖို့ တင်ပြခဲ့ပေမဲ့ အချက်အလက် စုဆောင်းမှု၊ မြေနေရာ ရှာဖွေမှုတွေကြောင့် အခုမှ စတင်ဖြစ်တာပါ၊ နောက်ပိုင်းကျရင်တော့ ရန်ကုန်မြို့ရဲ့ အဆင်ပြေမယ့် မြေနေရာတွေမှာ ယာဉ်ရပ်နားစခန်းတွေ ဆောက်လုပ်သွားဖို့ ရှိပါတယ်"ဟု 'မြို့တော် စည်ပင်၊ အင်ဂျင်နီယာ ဌာန(အဆောက်အအုံ)'မှ လက်ထောက်ဌာနမှူးက ပြောသည်။ယာဉ်ရပ်နားစခန်း လုပ်ကိုင်လိုသည့် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များအနေဖြင့် ဖေဖော်ဝါရီ ၂၅ ရက်မှစ၍ မြို့တော်စည်ပင်၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ) တွင် တင်ဒါလျှောက်လွှာ တစ်စုံ အမေရိကန်ဒေါ်လာ ငါးရာ၊ သို့မဟုတ် ကျပ်ငွေ ငါးသိန်း ဖြင့် လာရောက် ဝယ်ယူနိုင်ပြီး မတ် ၃၁ ရက် နောက်ဆုံးထား၍ တင်ဒါလျှောက်လွှာနှင့်အတူ အာမခံ အမေရိကန် ဒေါ်လာ တစ်သိန်း စပေါ်ငွေတင်၍ လျှောက်ထားနိုင် ကြောင်းသိရသည်။ လက်ရှိတွင် ရန်ကုန်မြို့၌ ပုဂ္ဂလိက ယာဉ်ရပ်နားစခန်းအဖြစ် မြေနီကုန်း၊ ရှင်စောပု ယာဉ်ရပ်နား စခန်းတစ်ခုသာရှိပြီး ၂ဝ၁၃ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ ခြင်းဖြစ်ကြောင်း သိရ သည်။

Ref: Automobile

Author