ပါကင်ထောက်ခံချက်နဲ့9I 1000 ကျော် နောက်ပိုင်းတင်သွင်းထား သောကားများ ညအိပ်ခွန် ဆောင်ခွင့်မပြု စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေ ၁သိန်း သတ်မှတ်ထား

0

Full article

![](/redline/content/images/2017/08/parking-300x223.jpg)

_ Photo Credit_

Zawgyi version

ကားပါကင်ထောက်ခံချက်စနစ်နဲ့ 9I 1000 ကျော် နောက်ပိုင်းတင်သွင်းထား သောကားများ ညအိပ်ခွန် ဆောင်ခွင့်မပြု ဘဲ ဒဏ်ကြေး ၁သိန်း သတ်မှတ်ထားရှိကြောင်း စည်ပင်သာယာအခွန်ဌာနကနေသိရပါတယ်။

"အဲ့ဒါက ဟိုးအရင်ထဲက ရှိတာပါ။ ညအိပ်ခွန်က ကားတိုင်းလုပ်ထားရမှာပါ။ ညအိပ်ခွန်ဆောင်ထားတဲ့စာရွက်ကို ကားပေါ်တင်ထားရမှာပါ။"ဟု စည်ပင်သာယာအခွန်ဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ညအိပ်ခွန် ဒဏ်ကြေးမှာ ယခင်က ၃သောင်း သတ်မှတ်ထားရာ ၁သိန်း သို့ပြောင်းလဲလိုက်ပြီး 9I 1000 ကျော်ကားများကို ယခင်ကတည်းက ညအိပ်ခွင့် ပြုလုပ်ခွင့်မပေးဘဲ ပါကင်ထောက်ခံချက်နှင့်သွင်းထားတဲ့အတွက် နေရိပ်လိပ်စာတွင်သာ ညအိပ်ရပ်နားခွင့်ပြုထားကြောင်း သိရပါသည်။ 9I 1000 ကျော်ကားများကို ညအိပ်ခွန်ပြုလုပ်မည်ဆိုပါက မြို့နယ် စည်ပင်သာယာ အုပ်ချူပ်ရေးမှူရုံးနဲ့ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှူဦးစီးဌာနတွင် ပြုလုပ်ရပြီး တစ်နှစ်လျှင် ညအိပ်ခွန် ခ ၃ဝဝဝ သတ်မှတ်ထား၍ ကားအုံနာဘုတ်ယူဆောင်လာရမှာ ဖြစ်တယ်လို့ သိရပါသည်။

ခေတ်သစ်

Author