ကားပါကင် ထောက်ခံချက် စနစ်အား အစားထိုး အသုံးပြုမည့် စနစ် မကြာခင်ထုတ်ပြန်ပေးသွားမည်

0

Full article

ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်ကြောပိတ်ဆို့မှုလျော့နည်း စေရန်အတွက် ကားပါကင်ရှိမှ ကားတင်သွင်းရမည့်စနစ်ကျင့်သုံးခဲ့သည်။ ထိုစနစ် အသုံးပြုရာတွင် အမှန်တစ်ကယ် ကားမတင်သွင်းပဲ မြေနေရာများပြ၍ ပါကင်ထောက်ခံချက်များရောင်းစားခြင်း မြေပြင်ထိလိုက်လံစစ်ဆေးမှုအားနည်းခြင်းတို့ကြောင့် ဧပြီလမှစ၍ ကားပါကင်ထောက်ခံချက်စနစ်ရပ်ဆိုင်းခဲ့သည်။ ကားတင်သွင်းမှုများ ပြန်လည်အဆင်ပြေစေရန်အတွက် ကားပါကင်ထောက်ခံချက်စနစ်အား အစားထိုးဆောင်ရွက်နိုင်မည့် စနစ်တစ်ခုကို မကြာခင်ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။မည်သို့ လုပ်ဆောင်မည်ကိုမူ တရားဝင်ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး လုပ်ငန်းသုံး ၅တန်အထက်ကားများနှင့် လှုဒါန်းယာဉ် ယန္တရားယာဉ် လူမှုရေးလုပ်ငန်းများတွင် အသုံငးပြုမည့် ကားများကိုမူ ပါကင်ထောက်ခံချက်မလိုပဲ တင်သွင်းခွင့်ပြုနေကြောင်းသိရသည်။

ရန်ကုန်တိုင်းအတွင်းတွင် ကားပါကင်ထောက်ခံချက်ရှိမှ ကားတင်သွင်းရမည့်စနစ်ကို ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလမှ စတင်ပြုလုပ်ခဲ့ပြီး ၂ဝ၁၆ ဧပြီလမှစ၍ ရပ်ဆိုင်းခဲ့ကာ ရန်ကုန်လိုင်စင်ဖြင့် ကားတင်သွင်းမှုမှာလည်း ရပ်နားလိုက်ရပြီး ကားအရောင်းအဝယ်လုပ်ကိုင်သူများ အခက်တွေ့နေကြောင်းသိရသည်။

ခေတ်သစ်

Author