ယာဉ်ရပ်နားခ ကောက်ခံခြင်းကို Downtownမြို့နယ်ဧရိယာများတွင်သာ ကောက်ခံသွားမည်

0

Full article

ရန်ကုန်မြို့အတွင်းရှိ အများပြည်ပိုင်လမ်းများတွင် ယာဉ်နားရန်မျဉ်းများနှင့်ယာဉ်မရပ်ရမျဉ်းများ စနစ်တကျရေးဆွဲ၍ ယာဉ်ရပ်နားခပြန်လည်ကောက်ခံမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊စက်မှူနှင့် လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင်ပြောကြားခဲ့သည်။ ယခင်အစိုးရလက်ထပ်တွင် ယာဉ်ရပ်နားခကောက်ခံခဲ့ရာ နောက်ပိုင်းတွင်စနစ်တကျ မရှိတော့တဲ့အတွက် ယာဉ်ရပ်နားခကောက်ခံခြင်းကို ရန်ကုန်မြို့တော်စည်ပင်သာယာကော်မတီက ဖျက်သိမ်းခဲ့ကြောင်းသိရပါတယ်။

ထိုကဲ့သို့ ယာဉ်ရပ်နားခများကို စနစ်တကျမျဉ်းများရေးဆွဲ ကောက်ခံရာတွင် ရန်ကုန်မြို့အတွင်း Downtown မြို့နယ်များတွင်သာ ပြန်လည်ကောက်ခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်၊
ယာဉ်ရပ်နားခ ကောက်မယ်ဆိုရင် မြို့တွင်းDowntown မြို့နယ်တွေကိုပဲကောက်မှာပါ။အခုလက်ရှိတော့ ယာဉ်ရပ်နားခ ကောက်ခံတာကိုခွင့်မပြုထားပါဘူး။သေချာ စနစ်တကျလုပ်ပြီးမှပဲ ကောက်ခံသွားမှာဖြစ်ပါတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ခေတ်သစ်

Author