ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းပြီး အထပ်မြင့်ကားပါကင် ဆောက်မည်

0

Full article

.


.unicode
ရန်ကုန်တိုင်းဒေသကြီးတွင် အထက်မြင့်ကာပါကင် ဆောက်လုပ်ရန်အတွက် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုနှင့် ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီတို့ ဆွေးနွေးလုပ်ဆောင်သွားမှာဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန်က ဖေဖော်ဝါရီ ၁၅ ရက် တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ ပြောဆိုခဲ့ပါသည်။

စမ်းချောင်းမြို့နယ်အတွင်းရှိ လမ်းမကြီးများပေါ်တွင် ယာဉ်ရပ်နားရန်နေရာ ဆောင်ရွက်ပေးနိုင်ခြင်းရှိ / မရှိ ၊ ရှိပါက မည်သည့်အချိန်ကာလတွင် ဆောင်ရွက်ပေးမည် ၊ မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်း ဖောဖော်ဝါရီ ၁၅ ရက်က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး ဆဠမပုံမှန်အစည်းအဝေးတွင် စမ်းချောင်းမြို့နယ် ၊ မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးက မေးမြန်းမှုခဲ့သည်။

ယင်းအမေးနှင့် ပတ်သက်ပြီး မြို့တော်ဝန်က " စမ်းချောင်းမြို့နယ် ရပ်ကွက်တွေမှာ ကားတွေက မရပ်ရတဲ့နေရာ တွေမှာရပ်တယ် ။ ကျူးကျော်ဈေး သည်တွေ အထူးသဖြင့်စမ်းချောင်းပေါ့။ အများပြည်သူလမ်းတွေဟာ ကိုယ်ပိုင် သဘောမျိုးနဲ့လုပ်ထားတာ လမ်းရော မျက်နှာစာမှာရော ဖြစ်တဲ့အတွက်ကြောင့် လူမူရေးပြဿ နာတော်တော်များမျြား ဖစ်ပါတယ် ။ ဒါတွေကို စည်ပင်ကလဲ ရှင်းပါတယ် ရှင်းပေမယ့်လည်း နောက်ကပြန်လုပ်တဲ့အခါကျတော့ ဘာနဲ့ဆိုင်လဲ ဆိုတော့ ရပ်ကွက်နဲ့ဆိုင်တယ် ။ စည်ပင်ရော ရပ်ကွက်ရော ပူးပေါင်းဖြေရှင်းမှ ရမှာပါ ။ အခုလောလောဆယ် ကားပါကင် နေရာကလည်းတော်တော်ရှားတဲ့အတွက်ကြောင့် ကားပါကင် လုပ်ဖို့ဆွေးနွေးနေပါတယ် ။ လွှတ်တော်လဲ တင်ပြပါမယ်။ ပုဂ္ဂိုလ်က ကုမ္ပဏီတစ်ခုနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ နဲ့ပူးပေါင်းပြီးတော့ လုပ်ဆောင်မှာပါ" ဟု မြို့တော်ဝန်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ ပြန်လည်ဖြေဆိုခဲ့ပါသည်။

လက်ရှိတွင် ရန်ကုန်စည်ပင်သာယာ နယ်နမိတ်တွင် ကားအစီးရေ များပြားလာမှုနှင့်အတူ ကားရပ်နားရန် အထပ်မြင့်ကားပါကင်များ လုံလောက်စွာ မရှိခြင်းကြောင့် ကားပါကင် နေရာဦးသော ပြသာနာများနှင့် ခိုက်ရန်ဖြစ်ပွားမှုများလည်း ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
R-01

Author