Full article

၂ဝ၁၄ ခုနှစ်အတွင်း ယာဉ်ပိုင်ရှင် ဆန္ဒအရ ကြိုတင်နံပါတ်ဝယ်ယူမှု ဆက်လက် အားကောင်းနေကြောင်း 'ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန'မှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။

Car-Poe

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ယာဉ်ပိုင်ရှင်များ စိတ်ကြိုက်နံပါတ်များကို ရောင်းချပေးလျက်ရှိရာ ၂ဝ၁၃ ခုနှစ်အတွင်း ရောင်းချမှုစာရင်းများအရ ဧပြီလအတွင်း မော်တော်ယာဉ်အစီးရေ ၂၇၈ စီး ရောင်းချမှုအတွက် အခွန်ငွေ ကျပ် ၁,၇၆၄ သိန်း၊ မေလအတွင်း မော်တော် ယာဉ် ၃၄၆ စီး ရောင်းချမှုအတွက် အခွန်ငွေ ကျပ် ၂,၁၄၄ သိန်း၊ ဇွန်လအတွင်း မော်တော်ယာဉ် အစီးရေ ၂၁၃ စီး ရောင်းချမှုအတွက် အခွန်ငွေ ကျပ်သိန်း ၁,၂၉ဝ၊ ဇူလိုင်လအတွင်း မော်တော်ယာဉ် ၃၇၆ စီးအတွက် အခွန်ငွေကျပ် ၂,၂၂၆ သိန်း၊ သြဂုတ်လအတွင်း မော်တော်ယာဉ် ၃ဝ၇ စီးအတွက် အခွန်ငွေကျပ် ၁,၈၆၇ သိန်း၊ စက်တင်ဘာလအတွင်း မော်တော်ယာဉ် ၂၇၇ စီးအတွက် အခွန်ငွေ ကျပ် ၁,၈ဝ၈ သိန်း၊ အောက်တိုဘာလ အတွင်း မော်တော်ယာဉ် ၂၂၈ စီးအတွက် အခွန်ငွေ ၁,၅၅၅ သိန်း၊ နိုဝင်ဘာလအတွင်း မော်တော်ယာဉ် ၂ဝ၆ စီးအတွက် အခွန်ငွေကျပ် သိန်း ၁,၃၂ဝ၊ ဒီဇင်ဘာလအတွင်း မော်တော်ယာဉ် ၁၉၇ စီးအတွက် အခွန်ငွေ ကျပ် ၁,၄၂၅ သိန်း ရရှိခဲ့သည်။

၂ဝ၁၄ ခုနှစ်အတွင်း ကြိုတင်နံပါတ် ရောင်းချမှုစာရင်းများအရ ဇန်နဝါရီလအတွင်း မော်တော်ယာဉ် ၁၇၆ စီးအတွက် အခွန်ငွေကျပ် ၁,၃၆၈ သိန်း၊ ဖေဖော်ဝါရီလအတွင်း မော်တော်ယာဉ် ၁၉၈ စီးအတွက် အခွန်ငွေ ကျပ် ၁,၂၅၆ သိန်းနှင့် မတ် ၃ ရက်မှ ၂၄ ရက်အတွင်း မော်တော်ယာဉ် ၁၈၇ စီးအတွက် အခွန်ငွေ ကျပ် ၁,၄၄၈ သိန်း ရရှိခဲ့ ကြောင်း သိရသည်။ လက်ရှိအချိန်တွင် ယာဉ်ပိုင်ရှင်ဆန္ဒအရ ကြိုတင်နံပါတ်ရောင်းချရမှုမှာ ယခင်နှစ်များကဲ့သို့ ဝယ်ယူသူများလျက်ရှိပြီး ၂ဝ၁၃ ခုနှစ်အတွင်း ရောင်းချမှုများ ထက် လျော့ကျသွားခြင်း မရှိကြောင်း သိရသည်။ ကညန အနေဖြင့် ယာဉ်ပိုင်ရှင်များ အဆင်ပြေစေရန် နံပါတ် ကြိုတင်ရောင်းချခြင်းကို ယခင်က ထက်ဖြေလျှော့ခြင်းများ ပြုလုပ်ခဲ့ပြီး ရောက်ရှိအက္ခရာမှ သုံးခု အထိ ကြိုတင်ဝယ်ယူမှု ပြုလုပ်နိုင်စေရန် ဆောင်ရွက်ပေးလျက်ရှိကာ အက္ခရာ သုံးခု အထက် ကြိုတင်ဝယ်ယူမှုများလည်း ပြုလုပ်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

Ref: Automobile

Author