Full article

(၂ဝ၁၄) တွင် သက်တမ်းအလိုက် အပ်နှံမှုဖြင့် ဆောင်ရွက်မည် ဆိုသော ယာဉ်၊ အိုယာဉ်ဟောင်း လဲလှယ်ရေး မူဝါဒမှာ တိကျစွာ ထွက်ရှိလာခြင်း မရှိသဖြင့် ကားလောက အတွင်းမှ စိတ်ဝင်တစားဖြင့် စောင့်ကြည့် နေကြောင်း သိရသည်။

D-Car

ထုတ်လုပ်သည့် ခုနှစ်မှ နှစ်(၂ဝ) အတွင်းရှိ ယာဉ်ဟောင်းများ အပ်နှံနိုင်ရပြီး အက္ခရာတန်း အလိုက်ဖြင့်သာ အပ်နှံမှုလက်ခံနိုင်သည် ဟူသော သတင်းများလည်း ထွက်လာကာ (၁က) အက္ခရာဖြင့် စတင်နိုင် ကြောင်းလည်း သုံးသပ်နေကြသည်။ အကယ်၍ နှစ် (၂ဝ) သက်တမ်းရှိ ယာဉ်ဟောင်းများ အပ်နှံမှုဖြင့် လုပ်ပါက အက္ခရာတန်း များအား အပိုင်းလိုက် အပ်ခွင့်ပေးပါက အဆင်ပြေနိုင်ကြောင်း ကားလုပ်ငန်းရှင် တစ်ဦးကပြောပြခဲ့သည်။ စဖွင့်ရင်တောင် (၁က) နဲ့ လာနိုင်ပေမယ့် နှစ် (၂ဝ) သက်တမ်းရှိတဲ့ ယာဉ်အို၊ ယာဉ်ဟောင်း လို့ပြောတဲ့အတွက် (၉၃-၉၄) ခုနှစ် အောက်ကားတွေ ထည့်တွက်ရမှာပဲ။ (၁က) အက္ခရာတစ်ခုတည်း မဟုတ်ဘဲ ဥပမာ (၁က) ကနေ (၅က) ထိ အပိုင်းလိုက် ပေးတာမျိုးပေါ့။ နောက်ပြီး ဒီလိုသက်တမ်း အလိုက်အပ်နှံခွင့် ပေးမယ်လို့တရားဝင် ကြေညာထားတဲ့ အတွက် အက္ခရာတန်းနဲ့ မသွားနိုင်လောက်ဘူး ထင်တယ်။ အဲ့လိုသာလုပ်ရင် ဘာမှကြေညာ နေစရာမလိုဘူးလေ။ (အ) ပြီး (၁က) ပဲ လက်ခံရုံပဲပေါ့လို့ ရှင်းပြသည်။ ဇန်နဝါရီ (၂၅) ရက်နေ့တွင် (၁က) အက္ခရာမှာ (၇၂၊ ၇၃) သိန်း ဈေး ပေါက်ကာ (အ) အက္ခရာမှာ သိန်း(၉ဝ) ရှိနေကြောင်း သိရသည်။ (၁က) အက္ခရာကားအား ကြိုတင် ဝယ်ယူသူများလည်း ရှိနေကာ ကျိန်းသေပေါက် ဖြစ်လာနိုင်သည် ဟုတွက်ဆ နေသူများလည်း ရှိနေကြောင်း သိရသည်။ အစ်ကိုကတော့ (၁က) နဲ့ စဖွင့်မယ်လို့ ကိုထင်တယ်။ ဒါပေမယ့် အပိုင်းလိုက် ပေးရင်တော့ ပိုကောင်းတာပေါ့။ (၁က)ကနေ ဘယ်အက္ခရာ ထိပေါ့။ တစ်ခုပြီးမှ တစ်ခုသွားတာထက် အဲ့လိုအပိုင်းလိုက် ပေးလိုက်ရင် စီးရမယ့်သူတွေ၊ အရောင်းအဝယ် လုပ်တဲ့သူတွေ ပိုကောင်းသွားမယ် လို့ကားဟောင်း၊ ရောင်းဝယ်ခြင်း နှင့်စလစ် အရောင်းအဝယ် လုပ်သူတစ်ဦးကလည်း ပြောပြခဲ့သည်။

Ref: Auto World

Author

Comments