ယခုတစ်ပတ် သီရိမင်္ဂလာယာဉ်ရောင်းဝယ်ရေးစခန်း၏ ဈေးကွက်အခြေအနေမှာ ယခင်တစ်ပတ်ကထက် အရောင်းအဝယ်အေးစက်သွားကြောင်း ကားဝယ်ရောင်းများက ပြောသည်။ ယခင်က ဈေးကွက်တွင် အရောင်းအဝယ်ပုံမှန်ရှိခဲ့သော ၁၃ဝဝ စီစီ ကားများမှာလည်း ယခုတစ်ပတ်တွင် အရောင်းအဝယ်အေးစက်နေခဲ့ပြီး BB,CC စသော ကားများမှာလည်း အရောင်းအဝယ်အေးနေကာ သိန်းတစ်ရာဝန်းကျင်တွင် အရောင်းအဝယ်ဖြစ်နေကြောင်း၊ အမြင့်ကားများထဲတွင်လည်း Prado, Surf စသော စလစ်ကားများမှာလည်း အနည်းငယ်သာအရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
ယခင်က နယ်ဝယ်လက်များလာပြီး အရောင်းအဝယ်ဖြစ်သော်လည်း ယခုတစ်ပတ်တွင် နယ်ဝယ်လက်ဆင်းလာမှုနည်းသွားပြီး အရောင်းအဝယ်မှာ ထင်သလောက်မဖြစ်ဘဲ အေးစက်နေကာ ကားဈေးနှုန်းမှာလည်း စလစ်ဈေးပေါ်တွင်သာ မူတည်ကြောင်း ဝယ်ရောင်းကြီးတစ်ဦးက ဆိုသည်။
ယခုတစ်ပတ် မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်း၏ ဈေးကွက်အခြေအနေမှာ ယခင်တစ်ပတ်ထက် အရောင်းအဝယ်အနည်းငယ်အေးသွားကြောင်း ကားဝယ်ရောင်းများက ပြောသည်။ အမြင့်ကားများဖြစ်သော Hilux Surf ၊ Prado ၊ Landcruiser စသော 4WD ကားများမှာ အရောင်းအဝယ်အေးနေပြီး ၁၃ဝဝ စီစီကားများဖြစ်သည့် Ad Van ၊ Honda Fit(GE 6) ကားများမှာလည်း အရောင်းအဝယ်အနည်းငယ်သာရှိကြောင်း သိရသည်။ ယခုရက်ပိုင်းအတွင်းစလစ်ဈေးမှာလည်း အနည်းငယ်တန့်နေကာ စလစ်ကပ် အမြင့်ကားတစ်ချို့ အရောင်းအဝယ်ပြန်ဖြစ်နေသော်လည်း နောက်အက္ခရာတစ်ခု လက်ခံမှုကြာမြင့်ပါက အရောင်းအဝယ်အေးသွားနိုင်ကြောင်း ကားဝယ်ရောင်းများကပြောသည်။
Auto Mobile Journal မှ ကူးယူဖော်ပြသည်။
Photo Credit by Stefan Munder