ပြည်တွင်းတပ်ဆင်၍ ကားထုတ်လုပ်နေသည့် SKD စနစ် ပြဿနာရှိနေ၍ ပြန်လည် ပြင်ဆင်သတ်မှတ်မည်

0

Full article


ပြည်တွင်းတပ်ဆင်၍ကားထုတ်လုပ်နေသည့် SKD စနစ်ကို ပြန်လည် ပြင်ဆင်သတ်မှတ်သွားမှာ ဖြစ်တယ်လို့ စက်မှူဝန်ကြီးဌာန တာဝန်ရှိသူကပြောပါတယ်။

ပြည်တွင်းမှာ ကားထုတ်တဲ့ SKD စနစ်ကို ပြန်လည်ပြင်ဆင်သွားမှာပါ။SKD စနစ်နဲ့တင်သွင်းလာတဲ့ ကားတွေမှာပြသနာရှိနေပါတယ်။သေချာစနစ်ကျတဲ့ စနစ်တစ်ခုနဲ့ ကားထုတ်နိုင်ဖို့ သတ်မှတ်သွားမှာပါ။ လို့ စက်မှူဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးကပြောပါတယ်။Semi knock Down (SKD)၊ Complete Knock Down (CKD)စနစ်ဖြင့် ကားတပ်ဆင်ထုတ်လုပ်ရာတွင် သတ်မှတ်ထားသည့် အချက် ၉ ချက်နှင့် ကိုက်ညီရမည်ဖြစ်ပြီး တင်သွင်းလာသည့် မော်တော်ယာဉ် အစိတ်အပိုင်းများအားလုံး အသစ်ဖြစ်ရမည်ဖြစ်ကြောင်း သတ်မှတ်ထားရှိရာ အချို့ကားများမှာ Skd စနစ်ဖြင့် မကိုက်ညီဘဲ တင်သွင်းလာမှူများရှိနေတယ်လို့သိရသည်။

SKD စနစ်ဖြင့် ကားထုတ်လုပ်သည့် စက်ရုံ ၄ ခုဖွင့်လှစ်ထားရှိပြီး ထို SKD စနစ်ဖြင့် ကားထုတ်လုပ်ပြီးပါက ၃ နှစ်ကြာမြင့်လျှင် CKD(Complete Knock Down)ကားတစ်စီးကို ပြည်တွင်းတွင် ထုတ်လုပ်နိုင်သော စနစ်သို့ပြောင်းလဲလုပ်ဆောင်ရန် သတ်မှတ်ထားရှိရမှာဖြစ်တယ်လို့သိရပါတယ်။

ခေတ်သစ်

Author