ကားထုတ်လုပ်မှုကို SKD စနစ်မှ တစ်စီးလုံး တပ်ဆင်ထုတ်လုပ်နိုင်သည့် CKD စနစ် ပြောင်းလဲထုတ်လုပ်မည်

0

Full article

Ford ကားများ တပ်ဆင်ထုတ်လုပ်သည့် စက်ရုံ

ပြည်တွင်းကားထုတ်လုပ်မှုကို SKD စနစ်မှ ယာဉ်တစ်စီးလုံး တပ်ဆင်ထုတ်လုပ်နိုင်သည့် CKD စနစ်သို့ ပြောင်း လဲသွားမည် ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနက သိရသည်။

လက်ရှိပြည်တွင်းတွင် (SKD)Semi Knock Down စနစ်ဖြင့် ထုတ်လုပ်နေသည့် စက်ရုံ ၇ ခုရှိရာ အစိတ်အပိုင်း ထုတ်လုပ်သော အချိန်တစ်ခုပြည့်သွားလျှင် ယာဉ်တစ်စီးလုံးအား ထုတ်လုပ်နိုင်သည့်( CKD)Complete Knock Down စနစ်ပြောင်းလဲ လုပ်ဆောင်သွားတော့မည်ဖြစ်ကြောင်းသိရသည်။
မော်တော်ယာဉ်များ စနစ်တကျ ထုတ်လုပ်နိုင်ရန်အတွက် ဥပဒေရေးဆွဲထုတ်ပြန်မှု အခြေအနေမှာ နောက်ဆုံးအဆင့် ရောက်ရှိနေပြီး ၂ဝ၁၈ ခုနှစ် အတွင်းတွင် ထုတ်ပြန်ပေးမည် ဖြစ်ကြောင်းသိရသည်။
"အစိတ်အပိုင်းတွေကို တပ်ဆင်ထုတ်လုပ်တဲ့ SKD စနစ်က တစ်စီးလုံးထုတ်လုပ်နိုင်တဲ့ CKD စနစ်ကို ပြောင်းမှာပါ။ အချိန်တစ်ခုပြည့်သွားရင် တစ်စီးလုံးထုတ်နိုင်တဲ့ အဆင့်ကို ပြောင်းရမှာပါ။ အစိုးရအနေနဲ့ကလည်း ပြည်တွင်း ကားထုတ်လုပ်တာကို ဦးစားပေးလုပ်ဆောင်ဖို့ ညွန်ကြားထားတယ်။"လို့ စက်မှုဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယာဉ်အမျိုးမျိုးတပ်ဆင်ထုတ်လုပ်ခြင်း လုပ်ငန်းအတွက် SKD-2စနစ် သတ်မှတ်ချက်ပါ ကုန်ကြမ်းပစ္စည်း အစိတ် အပိုင်း ၁ဝမျိုးဖြင့်သာ ထုတ်လုပ်ခွင့်ပြုရန် သတ်မှတ်ထားပြီးဖြစ်ရာ အစိတ်အပိုင်း၁ဝ မျိုးမှာ (၁) Engine Assembly, Transmission and Clutch System၊ (၂) Welded /Painted Body with including Chassis Group (Combination Meters, Interior Trimming Parts , Lamps, Wind Shield and Wire harness များမတပ်ဆင်ရပါ။)၊ (၃) Front Axles /Front Independent Suspension /Rear Axles ၊(၄)Suspension Component ၊(၅)Steering Wheel and Related Parts ၊(၆)Exhaust System ၊(၇)Wheels and Tyres ၊(၈)Seat Assembly ၊(၉)Trimming Parts , Dashboard , Instrument Panel , Windshields, Wire harness and other Accessories၊ (၁ဝ) Door Group ( Front and Rear )Without Accessories တို့ဖြစ်ပါသည်။

Author