MM Cars Myanmar Ltd. ၏ Mitsubishi Reborn နှင့် New ASX မိတ်ဆက်ပွဲအား Pan Pacific Hotel ၌ ကျင်းပပြုလုပ်

0

Full article


MM Cars Myanmar Ltd. မှ ကြီးမှူးကျင်းပသည့် “Mitsubishi Reborn” မိတ်ဆက်ပွဲအား ၂၀၁၉ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့တွင် Junction City ၊ Pan Pacific Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။ Mitsubishi Reborn မိတ်ဆက်ပွဲအခမ်းအနားတွင် New ASX ကားသစ်ကိုပါ တစ်ပါတည်း မိတ်ဆက်ပြသသွားခဲ့သည်။

မြန်မာနိုင်ငံ၏ Mitsubishi Motors သမိုင်း၌ ပြောင်းလဲမှုအဆင့်တစ်ခုအနေဖြင့် ‘Mitsubishi Reborn’ ဟုခေါ်သည့် အစီအစဉ်တွင် ၆ လအတွင်း မော်ဒယ်အသစ် ၃ မျိုးအားမိတ်ဆက်ပြသွားမည်ဟု Mitsubishi Motors Myanmar မှဆိုသည်။ ယခုပွဲတွင် မိတ်ဆက်ဖွင့်လှစ်လိုက်သော ASX အသစ်မှာ ဂျပန်ပြည်တွင်းသုံး အမည်အားဖြင့် RVR ဟု ခေါ်ဆိုကြသောကြောင့် မြန်မာနိုင်ငံတွင်လည်း RVR မှာ Mitsubishi ၏ နာမည်ကျော် အမှတ်တံဆိပ်တစ်ခုပင်ဖြစ်သည်။ ယခုမိတ်ဆက်ပြသသည့် RVR သို့မဟုတ် ASX အသစ်သည် ဂျပန်နိုင်ငံမှ တိုက်ရိုက်တင်သွင်းထားသည့် ကားများဖြစ်သောကြောင့် 100 % made in japan ဟု Mitsubishi Motors Myanmar မှဆိုသည်။ ဈေးနှုန်းအားဖြင့်လည်း $ 42,900 နှင့်ရောင်းချမည်ဖြစ်သောကြောင့် တန်ဖိုးအားဖြင့်ကြည့်လျှင်လွန်စွာထိုက်တန်မှုရှိသော ကားတစ်စီးဟုပင် ဆိုရပေလိမ့်မည်။

သတင်းစာရှင်းလင်းပွဲတွင် Mitsubishi Motors မှ Mr.Kubota ၊ MM Cars Myanmar Ltd. ၏ President & Managing Director Mr.Kawamoto နှင့် Business Development Manager U Kyaw Myat Thu တို့မှ Mitsubishi Reborn နှင့် New ASX ကားသစ်အကြောင်းတို့ကိုရှင်းလင်းပြောကြားသွားခဲ့သည်။

Author