Gold AYA Motors Brand နှင့် Changhe Q35 ကားမော်ဒယ်သစ်ကြေညာခြင်းအခမ်းအနား

0

Full article

Gold AYA Motors Brand နှင့် ကားမော်ဒယ်သစ်ကြေညာခြင်းအခမ်းအနားကို ၂၀၁၉ ခုနှစ် သြဂုတ်လ ၂ ရက်နေ့တွင် ရန်ကုန်မြို့ Wyndham Grand Hotel Yangon Royal Lake ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် တရုတ်နိုင်ငံမှ ဧည့်သည်တော်များနှင့် မြန်မာနိုင်ငံမှ ဧည့်သည်တော်များ၊ MIC မှ တာဝန်ရှိသူများ ၊ Shining Star Group ကုမ္ပဏီဥက္ကဋ္ဌ၊ Gold AYA Motors Board of Director Mr. Yan Yu၊ Shining Star Group မြန်မာနိုင်ငံဌာနခွဲကုမ္ပဏီ၏ General Manager Mr. Li Jifeng၊ Gold AYA Motors International Company ၏ General Manager Mr. Niu Qun ၊ BAIC Group South East Asia Region ၏ General Manager Mr. Yan Xiangjun ၊ အဝယ်တော်များ၊ ဖြန့်ချိသူများ၊ အနုပညာရှင်များနှင့် ဌာနအသီးသီးမှ မီဒီယာများ တက်ရောက်ခဲ့ကြသည်။

အဆိုပါပွဲကျင်းပချိန်တွင် Shining Star ကုမ္ပဏီ၏သမိုင်းကြောင်းနှင့် တိုးတက်လာမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး Mr. Yan Jun မှ ထွက်ရှိမည့် Changhe Q35 ၏ အကြောင်းအရာများကိုရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် Gold AYA Motors International Company နှင့် ဖြန့်ချိသူ အယောက် ၂၀ ကျော်တို့မှ partnership agreement ကို လက်မှတ်ရေးထိုးခဲ့ပြီး MOU ကိုလည်း အခြားသောဖြန့်ချိသူအယောက် ၃၀ ဖြင့် အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြောင်းလည်းသိရသည်။ နောက်ဆုံးတွင် Shining Star Group ဥက္ကဌ မှ Gold AYA ၏ ပထမဆုံးကားမော်ဒယ်ဖြစ်သည့် New Changhe Q35 ကို စက်ခလုပ်နှိပ်ကာ ဖွင့်လှစ်ပြသသွားခဲ့သည်။

Gold AYA Motors သည် ရန်ကုန်နှင့်မန္တလေးမြို့ကြီးများတွင် Showroom များဖွင့်လှစ်သွားမည်ဖြစ်ပြီး ရောင်းဝယ်ရေး၊ ဝယ်ယူပြီးနောက်ပိုင်း ဝန်ဆောင်မှုများကို မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုးတက်အောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

Reporter : Zing

Author