Skydiving ပျံသန်းခြင်းနဲ့အတူ မိတ်ဆက်ပွဲထုတ်လိုက်တဲ့ 2019 ထုတ် Ford ရဲ့ Ranger Raptor အသစ်

0

Full article

Ford Myanmar မှနေပြီး ၂၀၁၉ ထုတ် Ranger Raptor အသစ် မိတ်ဆက်ပွဲကို ရန်ကုန်မြို့ တော်ဝင်လမ်းမှာရှိတဲ့ Indoor Skydiving Yangon မှာ ယနေ့ သြဂုတ်လ ၂ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Ford ရဲ့ New Ranger Raptor ကတော့ 2.0 Bi-Turbo အင်ဂျင်၊ ထူးထူးခြားခြား 10-speed transmission (gear အနိမ့်အမြင့်ကို လိုအပ်ချက်နဲ့အညီ ခုန်ကျော်ပေးသွာနိုင်) နဲ့အတူ ပွဲထွက်လာတာပါ။ Off-road Racing Suspension ဖြစ်တဲ့ Fox Racing Shox အပါအဝင် လမ်းကြမ်းအသုံးပြုဖို့အတွက် ခေတ်အမီဆုံး ကားအောက်ပိုင်းနည်းပညာအသစ်တွေ၊ လမ်းကြမ်းမောင်း ဘီးတွေ လည်းထည့်သွင်းတပ်ဆင်ပေးထားတဲ့အတွက် လမ်းကြမ်းတွေမှာ အကောင်းဆုံးမောင်းနှင်နိုင်ပြီး မြို့တွင်းလမ်းတွေမှာလည်း အားမာန်အပြည့်နဲ့မောင်းနှင်နိုင်မယ့်ကားမျိုးပါ ဟု Ford Myanmar မှရှင်းလင်းပြောကြားခဲ့ပါတယ်။ Ford Ranger Raptor နဲ့ပတ်သက်ပြီး ခေတ်နဲ့လိုက်လျောညီထွေအဖြစ်ဆုံး feature တစ်ခုကတော့ Apple CarPlay နဲ့ Android Auto ပါအသုံးပြုလို့ရခြင်းပါ။ ကားရဲ့ infotainment dispay ကို မိမိရဲ့ဖုန်းမျက်နှာပြင်လိုမျိုးအသုံးပြုနိုင်တဲ့ နည်းစနစ်လည်းဖြစ်ပါတယ်။

Ford Ranger Raptor ကို Lighting Blue ၊ Race Red ၊ Shadow Black ၊ Frozen White အပြင် Ranger Raptor တွေမှာသာ ရရှိနိုင်မယ့် Conquer Grey အရောင် ၅ မျိုးနဲ့ ဝယ်ယူရရှိနိုင်ပါတယ်။ ဈေးနှုန်းကတော့ US$ 67,750 ဖြစ်ပြီး Ford Showrooms တွေမှာ ယနေ့ကစတင်ပြီးဝယ်ယူရရှိနိုင်ပါတယ်လို့လည်း ဆိုပါတယ်။

မိတ်ဆက်ပွဲမှာ အခြားထူးခြားချက်အနေနဲ့ Skydiving ပျံသန်းခြင်းဖျော်ဖြေတင်ဆက်မှုကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။

Reporter : Zing

Author