Shwe Daehan Motor မှ SKD စနစ်နဲ့ထုတ်လုပ်လိုက်တဲ့ Creta 2020 မိတ်ဆက်ပွဲကို City Mall ၌ ကျင်းပပြုလုပ်

0

Full article

ရန်ကုန် (၁၆-၈-၂၀၁၉​) - Shwe Daehan Motor ရဲ့ Hyundai Creta 2020 မိတ်ဆက်ပွဲကို City Mall (ST. JOHN) မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ Hyundai Creta 2020 ဟာ compact SUV အမျိုးအစားကားဖြစ်ပြီး အရင် model အဟောင်းထက်စာရင် sporty ပိုဆန်လာတယ်လို့ ပြောလို့ရတဲ့ ကားတစ်စီးပါ။ ထူးခြားတာက Hyundai Motor Myanmar ကနေပြီး လက်ရှိထုတ်လုပ်ဆဲဖြစ်တဲ့ Creta 2019 ကိုမှ ဝယ်ယူအားပေးတဲ့ customers တွေရဲ့ အကြံပြုချက်တွေကို အလေးအနက်အထားထည့်သွင်းစဉ်းစားပြီး ပိုမိုကောင်းမွန်အောင် မွမ်းမံတည်ဆောက်ထားတယ်လို့ဆိုခြင်းဖြစ်ပါတယ်။


2019 model ထက်ပိုမိုထူးခြားပြီး 2020 Hyundai Creta မှာမှရရှိနိုင်တဲ့ features တွေကတော့ Push Start Smart Key ၊ Tilt & Telescopic Steering Wheel ၊ Full Auto Air Conditioning ၊ Power Seat & Leather Seat ၊ 8-inch Touch Screen Monitor Smart Technology ၊ WiFi connectivity Navigation System တို့ဖြစ်ပါတယ်။

အသုံးပြုထားတဲ့ အင်ဂျင်အမျိုးအစားကတော့ 1.6 CRDi ဖြစ်ပြီး 1.6-litre ဒီဇယ်အင်ဂျင်ပါ။ 6-speed automatic transmission ဖြစ်တဲ့အတွက် ဂီယာအကူးအပြောင်း ကောင်းမွန်မှာပါ။ Android စနစ်ကိုအသုံးပြုထားတဲ့ 8-inch infotainment display တပ်ဆင်ပေးထားတာကတော့ ဝယ်ယူစီးနင်းကြမည့်သူတွေအတွက် သင့်လျော်လှပြီး အနောက်ကြည့်ကင်မရာ၊ parking assistant sonar တို့တပ်ဆင်ပေးထားတာကလည်း နှစ်သက်စရာပါပဲ။ Safety ပိုင်းအတွက် လေအိတ် နှစ်လုံးတပ်ဆင်ပေးထားပြီး ဘီးတွေကတော့ 16-inch အလွိုင်းခွေတွေနဲ့ပါ။


ဈေးနှုန်းအနေနဲ့ကတော့ ကားတန်ဖိုးသီးသန့် သိန်း ၄၅၀ ဖြစ်ပြီး အပြီးအစီးဆိုရင်တော့ ၅၂၉  သိန်းလောက်အထိ ကျသင့်မယ်လို့ဆိုပါတယ်။ SKD စနစ်နဲ့ထုတ်လုပ်တာဖြစ်တဲ့အတွက် ရန်ကုန်လိုင်စင်လည်းရရှိမှာပါ။

Zing

Author