မတ်လ ၁ ရက်မှစ၍ ယာဉ်သက်တမ်းတိုး အာမခံကြေး ပေးဆောင်ခြင်းကို တောင်ဒဂုံကညနရုံးနှင့် ထောက်ကြန့်ရုံးများတွင် တိုးချဲ့ဆောင်ရွက်ပေးမည်

0

Full article

မတ်လ ၁ ရက်မှစ၍ ယာဉ်သက်တမ်းတိုးအာမခံကြေးပေးဆောင်ခြင်းကို တောင်ဒဂုံကညနရုံးနှင့် ထောက်ကြန့်ရုံးများတွင် တိုးချဲ့ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှူဦးစီးဌာနမှသိရသည်။
မြောက်ပိုင်းခရိုင် (အင်းစိန်)တွင်သက်တမ်းတိုးပြုလုပ်မည့် မော်တော်ယာဉ်များသည် ထောက်ကြန့်ကညနရုံးတွင်လည်းကောင်း အရှေ့ပိုင်းခရိုင် (တောင်ဒဂုံ)တွင်သက်တမ်းတိုး လာရောက်ပြုလုပ်သည့် မော်တော်ယာဉ်များအတွက် တောင်ဒဂုံကညနရုံးများတွင် သူတစ်ပါးထိခိုက်မှူအာမခံကြေး ပေးသွင်းခြင်းကိုတိုးချဲ့ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အရင်ထဲက သက်တမ်းတိုးအာမခံကြေး ပေးသွင်းတာကို နီးစပ်ရာရုံးတွေမှာ လုပ်ဖို့ အစီအစဉ်ရှိပါတယ်။မတ်လ ၁ ရက်စပီး မြောက်ပိုင်းခရိုင်ရုံးကသက်တမ်းတိုးတဲ့ကားတွေက ထောက်ကြန့်ကညနရုံး၊အရှေ့ပိုင်းခရိုင်က တောင်ဒဂုံ ကညနတွေမှာပဲ သက်တမ်းတိုးဆောင်ရွက်လို့ရပါပြီ။ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှူဦးစီးဌာန ညွန်ကြားရေးမှူး ဦးသိန်းဦးကပြောသည်။

မြောက်ပိုင်းခရိုင် ( အင်းစိန်) ကညန ရုံးတွင်ယာဉ်သက်တမ်းတိုးပြီး သူတစ်ပါးထိခိုက်မှူအာမခံကြေး လာရောက်ဆောင်ရွက်နိုင်တဲ့ မြို့နယ်များမှာ ကမာရွတ်၊ လှိုင် ၊ မင်္ဂလာဒုံ၊ အင်းစိန် ၊လှိုင်သာယာ ၊ ရွေပြည်သာ ၊ မှော်ဘီ ၊ တိုက်ကြီး ၊ ထန်းတစ်ပင် ၊ လှည်းကူး ၊ ရွှေပေါ်က်ကံ ၊ ဒညင်းကုန်း မြို့နယ် ၁၂ မြို့နယ်မှလာရောက်ဆောင်ရွက်နိုင်သည်။

အရှေ့ပိုင်းခရိုင် တောင်ဒဂုံကညနရုံးတွင် ယာဉ်သက်တမ်းတိုး၍ သူတစ်ပါးထိခိုက်မှူအာမခံကြေး ပေးသွင်းနိုင်တဲ့ မြို့နယ်များမှာ တာမွေ ၊ မင်္ဂလာတောင်ညွန့် ၊ပုဇွန်တောင် ၊ ဗိုလ်တစ်ထောင် ၊ ရန်ကင်း ၊ ဒဂုံမြို့သစ် (တောင်၊မြောက်၊အရှေ့) မြို့နယ် ၈ မြို့နယ်မှ လာရောက်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ယာဉ်သက်တမ်းတိုးရာ၌ သူတစ်ပါးထိခိုက်မှူအာမခံကြေး ပေးသွင်းရာတွင် မြင်သာ ကညန၊ ထောက်ကြန့် ကညန ၊ တောင်ဒဂုံကညန ရုံးများတွင် ပြုလုပ်ပေးနေပြီး ၂ တန်အထက် မော်တော်ယာဉ်များမှာ မြန်မာ့အာမခံလုပ်ငန်း ရုံးချူ ပ်တွင်သာ ပေးသွင်းရမည်ဖြစ်သည်။

ခေတ်သစ်photo credit

Author