Full article

၂ဝ၁၄ ခုနှစ်အတွင်း ကားမှာယူမှုများ သိသိသာသာ လျော့ကျသွားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။ CIF

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် လူစီးမော်တော်ယာဉ်များကို ယာဉ်အမျိုးအစားအလိုက် ပါမစ်ထုတ် ပေးခဲ့ရာတွင် ၂ဝ၁၃ ခုနှစ်၊ ဧပြီလမှ ၂ဝ၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ အထိ ပါမစ်ထုတ်ပေးပြီး အစီးရေ ၁၈,၅၁၄ စီးဖြစ်ကြောင်း သိရသည်။ ထိုသို့ မော်တော်ယာဉ်ပါမစ်များ ထုတ်ပေးခဲ့ရာတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဌာန၏ စာရင်းများအရ ၂ဝ၁၃ ခုနှစ်၊ ဧပြီလတွင် ၁,၈၃၉ စီး၊ မေလတွင် ၁,၈၁၂ စီး၊ ဇွန်လတွင် ၁,၂၁၂ စီး၊ ဇွန်လိုင်လတွင် ၁,၈ဝ၆ စီး၊ သြဂုတ်လတွင် ၁ç၆၇၉ စီး၊ စက်တင်ဘာလတွင် ၁,၆၅ဝ စီး၊ အောက်တို ဘာလတွင် ၁ç၈၉ဝ စီး၊ နိုဝင်ဘာလတွင် ၁ç၇၇၃ စီး၊ ဒီဇင်ဘာ လတွင် ၃,၃၆၅ စီး၊ ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီလတွင် ၆၄၄ စီး၊ ဖေဖော်ဝါရီလတွင် ၈၄၄ စီးကို မော်တော်ယာဉ်ပါမစ်များ အသီးသီး ထုတ်ပေးခဲ့ကြောင်း သိရသည်။ မော်တော်ယာဉ်ပါမစ်များ ထုတ်ပေးခြင်းနှင့်ပတ်သက်၍ စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှာ တာဝန်ရှိသူ တစ်ဦးက "ပါမစ်ထုတ်ပေးတဲ့နေရာမှာ တစ်ဦးချင်းတင်သွင်းတဲ့ ကားတွေ ပါဝင်ပါတယ်၊ ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီလနဲ့ ဖေဖော်ဝါ ရီလတွေကတော့ ပါမစ်လာလျှောက်တဲ့ မော်တော်ယာဉ်အစီးရေ က အရင်လတွေထက် တော်တော်လေးနည်းသွားတယ်၊ ၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာ လကတောင် အစီးရေ ၃ç၃ဝဝ ကျော်ရှိပါသေး တယ်၊ လက်ရှိ ပါမစ်လာလျှောက်တဲ့ ကားတွေထဲမှာတော့ Honda ၊ Toyota ၊ Nissan ကားတွေက အများဆုံး ဖြစ်ပါတယ် "ဟု ပြောကြားခဲ့ သည်။ သွင်းကုန်လုပ်ငန်းဌာနခွဲ၊ မော်တော်ယာဉ်ပါမစ် ထုတ်ပေးရေး ဌာနဂိတ်အနေဖြင့် ပြည်ပမှတင်သွင်းလာသော ယာဉ်များအား လူတစ်ဦးချင်းစီ အလိုက် မော်တော်ယာဉ် ပါမစ်များ ထုတ်ပေးခဲ့ရာတွင် Saloon ၊ Van ၊ Wagon ၊ Light Truck ၊ Box Truck နှင့် Truck ကားများ ပါဝင်ကြောင်း သိရသည်။

Ref : Automobile

Author