မော်တော်ယာဉ်ဥပဒေနဲ့ နည်းဥပဒေ အတည်ပြု ထွက်ရှိလာပါက ကားတင်သွင်းခွင့် မူဝါဒများ ထပ်မံပြောင်းလဲလာနိုင်ခြေ ရှိနေတယ်လို့ ကားဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။
လက်ရှိအခြေအနေက ကားအရောင်းအဝယ်လုပ်တဲ့သူတွေအတွက် တစ်ခါမှမကြုံဘူးတဲ့ အခြေအနေပါ။အခွန်တွေကလည်းတိုးကောက်လာမယ်။ကားတင်သွင်းတာတွေကိုလည်းကြပ်လာမယ်။ရန်ကုန်လိုင်စင်ဆိုတာလည်း ဘယ်ဆီနေမှန်းမသိတဲ့ အခြေအနေက တော်တော်လေးဆိုးနေတယ်။မကြာခင် မော်တော်ယာဉ်ဥပဒေထွက်ပြီးရင် ကားမူဝါက တစ်ခုခု ထပ်ပြောင်းလာနိုင်တယ်။ အားလုံးက တည်ငြိမ်တဲ့ မူဝါဒထွက်ပေါ်လာဖို့ပဲလိုပါတယ်။လို့ ကိုကျော်သီဟ ကပြောပြသည်။
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှူဦးစီးဌာနမှာ မော်တော်ယာဉ်ဥပဒေ ထွက်ပေါ်လာပါက ကားတင်သွင်းမူလုပ်ငန်းများနှင့် ယာဉ်မှတ်ပုံတင်မှူများကို ထိရောက်စွာ ထိန်းချူ ပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။
ခေတ်သစ်
Photo Credit