၂ဝ၁၈ မော်တော်ယာဉ်တင်သွင်းခွင့်မူဝါဒ သတ်မှတ်ချက် အောက်တိုဘာလအတွင်းထွက်ရှိမည်

0

Full article

Photo Credit

၂ဝ၁၈ မော်တော်ယာဉ်တင်သွင်းခွင့် မူဝါဒ သတ်မှတ်ချက် အောက်တိုဘာလ အတွင်းထွက်ရှိမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကသိရပါတယ်။
မော်တော်ယာဉ် တင်သွင်းခွင့်မူဝါဒသတ်မှတ်ချက်များကို ယခုနှစ်တွင် အချိန်အားဖြင့် ၂ လစော၍ ထုတ်ပြန်ကြေညာသွားမှာဖြစ်ရာ တင်သွင်းခွင့်ပြုမည့် ကားမိုဒယ်များကို ဆွေးနွေးထားရှိပြီးဖြစ်၍ မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောကြီးကြပ်ရေး ကော်မတီသို့ တင်ပြထားရှိပြီးဖြစ်ကြောင်း သိရပါသည်။

"လာမယ့်နှစ်အတွက် ကားတင်သွင်းတဲ့ မူဝါဒကို အချိန်အားဖြင့် ၂ လစောပြီး ထုတ်ပြန်ကြေညာသွားပါမယ်။ အခုတော့ ဆွေးနွေးတဲ့ အဆင့်ပဲရှိသေးတယ်။ အောက်တိုဘာလ ပထမအပတ်လောက်မှာ ထုတ်ပြန်ပေးသွားမှာပါ။"ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အကြီးတန်းအရာရှိတစ်ဦးက ပြောပြပါတယ်။ ၂ဝ၁၈ အတွက် ကားတင်သွင်းခွင့် မိုဒယ်သတ်မှတ်ချက်များကို ဘယ်မောင်းအမျိူးအစားများကိုသာ တင်သွင်းခွင့် ပေးသွားရန် သတင်းများထွက်ပေါ်နေတယ်လို့ ကားအရောင်းအဝယ်ပြုလုပ်နေသူများက ပြောကြားနေကြပါသည်။

မော်တော်ယာဉ်တင်သွင်းမှု ဘယ်မောင်းကားများသတ်မှတ်မည်ဆိုလျှင် ကားဈေးကွက်အခြေအနေမှာ ပြောင်းလဲသွားနိုင်ပြီး ညာမောင်းကားများကိုသာ သုံးစွဲနေသူအတွက် ဘယ်မောင်းကားများ ပြောင်းလဲ အသုံးပြုရန် လက်ခံနိုင်ဖို့ ခက်ခဲနေဦးမည်ဖြစ်ကြောင်း ပြည်ပမှ ကားတင်သွင်းသူများက သုံးသပ်ပြောဆိုနေကြသည်။

ခေတ်သစ်

Unicode Version





Author