ပြည်ပကနေ ကားတင်သွင်းရာတွင် မှားယွင်းတင်သွင်းမှု အကောက်ခွန် ဒဏ်ကြေးပြောင်းလဲ ရန် တောင်းဆိုထား

0

Full article

![width=300](/redline/content/images/2017/05/cwcwc-300x300.jpg)

ပြည်ပကနေ ကားတင်သွင်းရာတွင် မှားယွင်းမှူများ ထိန်းချူ ပ်ရန် ကန့်သတ်ထားသည့် အကောက်ခွန် များမှာ ဒဏ်ကြေးပြင်းထန်သောကြောင့် ကားတင်သွင်းသူများ က ဒဏ်ကြေးနှူန်း ပြောင်းလဲပေးရန် တောင်းဆိုထားတယ်လို့ အကောက်ခွန်နဲ့နီးစပ်သည့် အသိုင်းအဝိုင်းများက သိရပါတယ်။အကောက်ခွန် ဒဏ်ကြေးပြင်းထန်သောကြောင့် ကားတင်သွင်းသူများ က ဒဏ်ကြေး ပြောင်းလဲပေးရန် တောင်းဆိုထား ယခု ကောက်ခံနေသောအကောက်က်ခွန်ဒဏ်ကြေးမှာ မော်တော်ယာဉ်သိမ်းဆည်းမှူများနှင့် အနိမ့်ဆုံး ဒဏ်ကြေးမှာ တင်သွင်းလာသောကားတန်ဖိုး ရဲ့ ၃ ပုံ တစ်ပုံ နဲ့ ကားတန်ဖိုးထက်ဝက် ဒဏ်ရိုက်သည့် ပစ်ဒဏ်များပါရှိနေသည်။ ထိုကြောင့် ကားတင်သွင်းရာတွင် အနည်းငယ်မှားယွင်းပါက ပေးဆောင်ရမည့် ဒဏ်ကြေးများပြား နေပါသဖြင့် ပြင်ဆင်ပေးရန် တင်ပြထားမှုများရှိတယ်လို့ သိရပါတယ်။ အကောက်ခွန် ဒဏ်ကြေးက တော်တော်လေး ပြင်းထန်တယ်။ ကားသွင်းတာကို မသွင်းနဲ့တော့လို့ ပြောထားသလိုပဲ။ နည်းနည်းလေး ညှိတာနဲ့ ကားတန်ဖိုး တစ်ဝက်လောက်ကျနေပြီ။ အနည်းနဲ့အများတော့ အမှားရှိကြတာပဲ ဂျပန်က လေလံမှာချိန် မှားတယ်မှားဘူးဆိုတာလည်းတစ်ခါတည်း ကြည့်လို့မ၇ဘူး။ တစ်ကယ်သွင်းလာတဲ့အခါကြတော့ အဆင်မပြေဘူး။ အဘက်ဘက်ကနေကြပ်နေလို ဖြစ်နေတယ်ကားတင်သွင်းသူအများစုကပြေကြသည်။ အကောက်ခွန်ဦးစီးဌာန၏ သတ်မှတ်ထားသောဒဏ်ကြေးများသည် ပြင်းထန်စွာဒဏ်ရိုက်နေမှူများကို အနည်ငယ်ဖြေလျှော့ပေးရန်တင်ပြသွားမှာဖြစ်ပြီးအခြားသော အမိန့်ထုတ်ပြန်ချက်များကို ပြင်ဆင်ပေးရန် တောင်းဆိုသွားမည် ဖြစ်တယ်လို့သိရပါတယ်။

ခေတ်သစ်

Photo Credit

Author