အခွန်နှူန်းထားများတိုးမြှင့် ချက်ကြောင့် လာမယ့် နှစ် ကားတင်သွင်းမှူ လျှော့နည်းလာနိုင်

0

Full article

ပြည်ပမှတင်သွင်းလာသည့် မော်တော်ယာဉ်များကို ဆိပ်ကမ်းရောက်တန်ဖိုးမြင့်လာခြင်း၊ မိုဒယ်သတ်မှတ်ချက်အရ ဘယ်မောင်း ကားသစ်တင်သွင်းရခြင်းနှင့် စလစ်ကပ်တင်သွင်းယာဉ်များကိုလည်း ဖရီးပါမစ်ကားများနှင့်နီးတူ ကြိုတင်ဝင်ငွေခွန် ကောက်ခံမည့် ကန့်သတ်ချင်များကြောင့် လာမည့်ဘဏ္ဍာနှစ်တွင် ကားတင်သွင်းမှူ လျှော့နည်းလာနိုင်ကြောင်း ကားတင်သွင်းရောင်းချနေသူများကပြောသည်။ ၂ဝ၁၇ ကစပြီး ကားတင်သွင်းတဲ့သူတောင်သိပ်မရှိတော့ဘူး။အကောက်ခွန်က သတ်မှတ်တဲ့ CIF တန်ဖိုးကလည်း ပိုပြီး များလာတယ်။ သတ်မှတ် ချက်တွေက တစ်ခုပြီးတစ်ခု ထွက်နေတာ။ အရင်က ကြိုတင်ဝင်ငွေခွန် မကောက်တဲ့ စလစ်ကပ်ကားတွေကိုလည်းအခွန်ကောက်မယ်ဆိုတော့ ကားတင်သွင်းတာ နည်းလာမှာသေချာတယ်။ ကားတင်သွင်းတာကို မသွင်းနဲ့လို့ ပြောထားသလိုဖြစ်နေပြီလေ။ မူဝါဒထုတ်ပြန်တာလည်း တည်ငြိမ်ဖို့ လိုနေပြီ။ လို့ ကားတင်သွင်းရောင်းချသူ ကိုသက်နိုင်စိုးကပြောပါတယ်။ ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်အတွင်း ပြည်ပမှကားတင်သွင်းမှူ အစီးရေ ၅၄ဝဝဝ ကျော်ရှိခဲ့ပြီး ယခုနှစ် မတ်လအထိ ကားတင်သွင်းသည့် အစီးရေ ၁ဝဝဝ ခန့်သာရှိခဲ့ပြီး တင်သွင်းခွင့်လိုင်စင်ပါမစ်ခွင့်ပြုပေးမှူမှာနည်းပါးနေတယ်လို့သိရပါတယ်။

ခေတ်သစ်

Photo Credit

Author