ကားတင်သွင်းခွင့် မိုဒယ်သတ်မှတ်ချက်ကို ပြင်ဆင်သွားမည်မဟုတ်ဘဲ၂ဝ၁၈ ဇန်နဝါရီ လ ၁ ရက်တွင် တင်မည်

0

Full article

လာမယ့်နှစ် ကားတင်သွင်းခွင့် မိုဒယ်သတ်မှတ်ချက်ကို ပြင်ဆင်သွားမည်မဟုတ်ဘဲ ၂ဝ၁၈ ဇန်နဝါရီလ ၁ ရက်တွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်မှုကော်မတီ ထံကနေ သိရသည်။

လာမယ့်၂ဝ၁၈ ခုနှစ်အတွက် ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခွင့် မိုဒယ်သတ်မှတ်ချက်များကို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်မှုကော်မတီက အောက်တိုဘာလတွင် ၁/၂ဝ၁၇ အမိန့်ကြေငြာစာကို ထုတ်ပြန်ကြေညာထားခဲ့ကြောင်း သိရသည်။

"ကားတင်သွင်းတဲ့ မိုဒယ်သတ်မှတ်ချက် ကို ပြန်ပြင်ဖို့ ဆွေးနွေးနေတာလည်း မရှိသလို ပြန်ပြင်ဖို့လည်း မရှိပါဘူး။ ထုတ်ပြန်ထားတဲ့အတိုင်း၂ဝ၁၈ ခုနှစ်က စပြီး တင်သွင်းရမှာပါ။"ဟု မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်မှုကော်မတီက တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

၂ဝ၁၈ ကားတင်သွင်းခွင့် မိုဒယ်သတ်မှတ်ချက်ကို ပြင်ဆင်ပေးရန် နိုင်ငံတော်အတိုင်ပင်ခံရုံးအား တင်ပြထားကြောင်း သိရသည်။

၂ဝ၁၈ က စပြီး အနိမ့်ဆုံး တင်သွင်းခွင့်ပြုမည့် ကားမိုဒယ်သတ်မှတ်ချက်များသည် ၂ဝ၁၄ မိုဒယ်မှ ၂ဝ၁၈ မိုဒယ်အတွင်း ကားအမျိူးအစား အားလုံးကို ဘယ်မောင်းအမျိူးအစားကားများသာ တင်သွင်းခွင့်ပြုရန် သတ်မှတ်ကြေငြာထား ကြောင်းသိရသည်။

Author