နှစ်ထပ်တိုက်အပေါ်သို့ ပြေးခုန်ပစ် ဝင်ရောက်ခဲ့ သည့် မော်တော်ကားလေး

0

Full article

လေယာဉ်ပေါ်မှ ဗုံးကျဲ ချ သကဲ့သို့ နှစ် ထပ်တိုက်တစ် လုံး အပေါ်ကို မော်တော်ကားတစ်စီး ဖောက်ထွင်းဝင်ရောက် သွားခဲ့တဲ့ ဖြစ်ရပ်တစ်ခု အမေရိကန် နိုင်ငံ California ပြည်နယ်မှာ January (၁၄) ရက်က ဖြစ်ပေါ်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီနှစ် ထပ်တိုက်ထဲ ကို မော်တော်ကားဝင်ရောက်သွားခဲ့တာဟာ ယုံနိုင်စရာ မကောင်းပေမဲ့ အမှန်တကယ် ဖြစ်ခဲ့တဲ့ မတော်တဆမှု တစ်ခုဖြစ်ပါတယ်။ သို့ပေမဲ့ ကံကောင်းစွာ နဲ့ မောင်းနှင်သူ ရော ခရီးသည်နှစ်ယောက်လုံးမှာ ထိခိုက်မှု တစ်စုံတစ်ရာ ဖြစ်ပွားခြင်း မရှိခဲ့ပါဘူး။

အရှိန်ပြင်းထန် စွာ မောင်းနှင် လာတဲ့ Sedan အမျိုးအစား Nissan ကားလေးသည် လမ်းမအလယ် ပလတ်ဖောင်းကို ဝင်တိုက်မိကာ ပေ၆ဝ အကွာအဝေး နီးပါးအထိ လွင့်စင်သွားကာ သွားဆေးခန်း ဒုတိယ အထပ်ထိကို ခုန်ရောက်သွားခဲ့ပါတယ်။

ကားတိုက်မှု ဖြစ်တဲ့ အချိန်ဟာ သွားဆေးခန်း ပိတ်ချိန် မနက်အစောပိုင်း ၅း၃ဝ လူနာနည်းချိန် မှာဖြစ်ပွားခဲ့လို့ ဆေးခန်းအတွင်း ရောအပြင်က လူတွေပါ ဒဏ်ရာ ရရှိခဲ့ခြင်းမရှိပါဘူး။

ထို့အပြင် ကယ်ဆယ်ရေး အဖွဲ့အစည်း တွေနှင့်အတူ မီးသတ် တပ်ဖွဲ့ဝင် တွေပါ ထို နမော်နမဲ့ နိုင်လွန်းတဲ့ ယာဉ်မောင်းကြောင့် အလုပ်ရှုပ် ခဲ့ ရပါတယ်။
ယင်း နှစ်ထပ်တိုက်အပေါ် သို့ရောက်ရှိ သောင်တင် နေသည့် မော်တော်ကား အပေါ်မှ ယာဉ်မောင်းသူ အပါအဝင် လိုက်ပါစီးနင်း သူ နှစ်ယောက်စလုံးကို မီးသတ်တပ်ဖွဲ့မှ ခက်ခဲစွာ ကယ်ထုတ်ခဲ့ရပါတယ်။

ရဲတပ်ဖွဲ့မှ ထုတ်ပြန်ချက်အရ ယာဉ်မောင်းသူ မှာ မတော်တဆမှုမဖြစ်ခင် မူးယစ်ဆေးဝါး သုံးစွဲ ၍ မောင်းနှင်ခဲ့ကြောင်း ထွက်ဆိုထားရှိတယ်လို့သိရှိရသည်။
မတော်တဆမှုဖြစ်ပွားခဲ့သည့် သွားဆေးခန်း ၏ ကပ်ရပ်ရှိ တည်းခိုခန်းမှ ဝန်ထမ်း တစ်ဦး က " ဆေးခန်းအတွင်း မှာတော့ တော် တော် ကြီးမားတဲ့ဆုံးရှုံးမှုတွေပါဘဲ။ အခုတော့ အပေါက်ကြီးဖြစ်သွားပြီပေါ့။" ဟုပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံတွင် မူးယစ်ဆေးဝါး သုံးစွဲ ၍ မဆင်မခြင် ယာဉ်မောင်းနှင်မှုကြောင့် နှစ်စဉ် လူ (၁ဝ) ဦးထက် မနည်း သေဆုံးလေ့ရှိသည်။

Source: www.channelnewsasia.com

Unicode Version








Author